14

430 80 19
                                    

BLANK SPACE OF MY HEART

15.10.2021

ဂျီမင်းကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ထယ်ယောင်း
လက်လေးကိုဆုပ်ကိုင်ကာ..
မြန်မြန်သတိရလာဖို့ဆုတောင်းနေခဲ့တယ်

‌" အကိုလေး.."

ဂျီမင်းနောက်ကိုလှည့်ကြည့်လိုက်တော့ထယ်ယောင်းရဲ့
အတွင်းရေးမူးဆိုသူ

" သူဘာဖြစ်တာလဲကျွန်တော့်ကိုပြောပြဖို့အဆင်သင့်ဖြစ်ပြီလား "

" အဲ့တာက အကိုလေးကိုယ်တိုင်ဖွင့်ပြောပါစေ..ကျွန်တော်တို့ကပြောပိုင်ခွင့်မရှိတာမို့ "

" ကြီးကြီးမားမားတော့မဟုတ်ဘူးမှတ်လား "

သူ့မေးတာကိုပြန်မဖြေပဲခေါင်းငုန့်သွားသောအတွင်းရေးမူးကြောင့်

" ကျွန်တော်တစ်ယောက်ထဲနေချင်တယ်.. "

" ကောင်းပါပြီ "

ထိုအတွင်းရေးမူးဆိုသူအခန်းထဲကထွက်သွားမှ
ဂျီမင်းထယ်ယောင်းဘက်ပြန်လှည့်ကာပါးလေးကိုအုပ်မိုးကာ
ကိုင်လိုက်သည်

" ဘယ်ချိန်မှပြောပြမှာလဲ ယောင်း...စိတ်ပူရတာကို
မုန်းတာမို့စိုးရိမ်စရာမဖြစ်နေဖို့မျှော်လင့်မိတယ်.. "

သူထယ်ယောင်းနူတ်ခမ်း‌လေးကိုအနမ်းဖွဖွပေးကာ
ထယ်ယောင်းဘေးမှာပဲဝင်လှဲကာ..
ကိုယ်သင်းနံလေးကြားစိုးရိမ်စိတ်တွေကိုဖြေဖျောက်ပြီး
အိပ်ပျော်အောင်ကြိုးစားလိုက်သည်..။

......

သူမြင်ကွင်းထဲမှာ၀င်လာတာ
သူ့အား‌ေပွ့ဖတ်ကာသတိပေးနေသောဂျီမင်း..

ထယ်ယောင်းမျက်လုံးတွေပွင့်လာတော့..

သူ့လက်္မောင်းပေါ်မှာစိတ်ချလက်ချအိပ်ပျော်နေသော
ဂျီမင်း.။

" တော်သေးတာပေါ့ မင်းလေးအဆင်ပြေပြေရှိနေလို့ "

ထယ်ယောင်းဂျီမင်းနှဖူးလေးကိုထိနမ်းကာ
သူ့ချစ်သူလေးကိုပြုံးပြီးကြည့်နေလေသည်..

BLANK SPACE OF MY HEART (completed)Where stories live. Discover now