18

356 78 37
                                    

BLANK SPACE OF MY HEART

Unicode
19.10.2021

" Bae ...ကိုယ့်ဖုန်းကော မင်းယူသိမ်းထားသေးလား "

" ဟင် ! ကိုယ့်ဖုန်းလား "

" အွန်း "

" ယောင်း... ဖြေးဖြေးပေါ့ယောင်းရယ်.. လက်ထဲမှာကိုင်ထားတယ်လေ "

ဂျီမင်းပြောမှသူ့လက်ကိုကြည့်လိုက္မိတော့ကိုင်ထားသော
ဖုန်းလေး
စောစောကသူဖုန်းသွားရှာရင်းယူလာတာပဲမေ့လာတာထင်တယ်

" အော... ကိုယ်..ကိုယ် "

" အဆင်ပြေပါတယ် ယောင်း ဒါဖြစ်တက်တာပဲလေ
ဘာမှမဖြစ်ဘူး "

သူထယ်ယောင်းကျောပြင်လေးအားပွတ်ကာ
အားပေးလိုက်သ‌ည်

" အွန်းပါ...bae ဟိုဆော့တို့နဲ့သွားပြီးနေရင်နေနော်ကိုယ့်ကြောင့် အခန်းထဲမှာပဲနေနေရတာမှတ်လား "

" ကောင်းပြီး ယောင်းအဆင်ပြေတယ်မှတ်လား "

" ကိုယ်အဆင်ပြေပါတယ် "

ထယ်ယောင်းဂျီမင်းနှဖူးလေးအားမြတ်နိုးစွာအနမ်းတစ်ချက်ပေးပြီးပြုံးပြမှစိတ်ချလက်ချထွက်သွားသော
သူ့ချစ်သူလေး

ဂျီမင်းအခန်းထဲကထွက်သွားတော့မှ သူ့ sofa ပေါ်လှဲချကာ
မျက်လုံးတွေကိုစုံမှိတ်ချလိုက်သည်

" သူ..ဂျီမင်းမွေးနေ့ကိုမမှတ်မိတော့ဘူးထို့အတူ..တစ်စုံတစ်ယောက်သူနဲ့သိဖူးတဲ့ကောင်မလေးတစ်ယောက်ဘယ်သူလဲ..သူမှတ်မိတော့ဘူး မျက်လုံးပိတ်ထားလို့
ပေါ်နေတဲ့မြင်ကွင်းပြာ‌ေတွထဲမှာ သူမတို့ပုံတွေပေါ်နေတယ်
ဒါပေမဲ့ မမှတ်မိဘူး...

" ကိုယ်တစ်ဖြေးဖြေးနဲ့မင်းကိုပါမေ့သွားခဲ့ရင်..
ကိုယ်ဘာလုပ်ရမလဲ..ဂျီမင်း "

အခန်းထဲကကောင်လေးရဲ့မျက်၀န်းတောင့်ကမျက်ရည်ကြည်လေးတွေကျဆင်းသွားလေသည်

ထိုအတူ အခန်းတံခါးကိုမှီကာ
တိတ်တဆိတ်ပဲငြိမ်သက်နေသောကောင်လေးလဲရှိသည်

BLANK SPACE OF MY HEART (completed)Where stories live. Discover now