part 5🌠

243 37 7
                                    

Zawgyi

နောက်နှစ်ရက်လောက်နေရင်
တက္ကသိုလ် တက်ရတော့မှာမို့
လိုအပ်တာတွေဝယ်ဖို့ ကျိုးချန်
တယောက်ထဲ သွားဝယ်လဲ
ဖြစ်ပေမဲ့ အကိုဝမ်းကွဲဖြစ်သူ
ရိပေါ်က သူ့သငယ်ချင်းတေနဲ့
မိတ်ဆက်ပေးမယ် ဆိုတာကြောင့်
အထက်တန်းအောင်လို့ ပါးဆုချထားတဲ့
ပြိုင်ကားလေးမောင်းကာ ရိပေါ်အိမ်သို့
ကျိုးချန် ထွက်လာလိုက်သည်...

ရိပေါ် အိမ်ရောက်သော်...

*အိုးဟိုး သူ့သငယ်ချင်း တေက
ဘနယောက်တောင်များပါလိမ့်နော်*

ခြံထဲတန်းစီနေတဲ့ ပြိုင်ကားတေကို
ကြည့်ရင်း ကျိုးချန် တွေးလိုက်မိသည်...

ကျိုးချန် အိမ်ထဲဝင်လိုက်တော့
ဧည့်ခန်းမှာထိုင်နေကြတဲ့ ရိပေါ်တို့
သငယ်ချင်းတစု...

"ရိပေါ် "

ရိပေါ်တို့စကားပြောနေကြတုန်း
ကျိုးချန် ရောက်လာတာမို့...

"ကျိုးချန် ရောက်ပီလား လာ
ငါမိတ်ဆက်ပေးမယ် သူက
ရှောင်ကျန့် တဲ့ ငါ့ရဲ့ အသစ်စက်စက်
ချစ်သူလေး သူက ဝမ်ဟောက်ရွှမ်း တဲ့
မျိုးရိုးတူညီလေးပေါ့ သူက ရှောင်ရှင်းချန်
ငါ့ရဲ့မတော်ရသေးတဲ့ ယောက်ဖ
သူက လျိုဟိုက်ခွမ်း တဲ့ အကုန်လုံး
သငယ်ချင်းတေပဲ ဟျောင့် တေ
အက်တာငါ့ညီ ဝမ်ကျိုးချန် တဲ့ သူလဲ
ငါတို့နဲ့အတူတူ စီးပွားရေး တက်မှာ"

ဟိုက်ခွမ်း သူများထက်အရင်
ဦးအောင် နူတ်ဆက်လိုက်သည်...

"တွေ့ရတာ ဝမ်းသာပါတယ်
ရိပေါ်ကို ခင်သလို ခင်လို့ရပါတယ် "

ဟောက်ရွှမ်း လဲ...

"Hiတွေ့ရတာ ဝမ်းသာပါတယ်
မျိုးရိုးတူညီလေး "

ရှောင်ကျန့် ကျိုးချန်အကြောင်းကို
ရိပေါ်ပြောပြနေကျမို့ ရင်းနီးစွာပဲ...

"Hello ယောက်ဖ
ရိပေါ် ရဲ့ညီဆိုတော့
ငါ့ယောက်ဖပေါ့ဟဲဟဲ"

ရှင်းချန် ကြည့်နေတာ ကျိုးချန် ကို
တနေနေရာမှာ တွေ့ဖူးသလိုမို့...

"တွေ့ရတာဝမ်းသာပါတယ်
ဘယ်ကျောင်းကလဲမသိဘူး
မြင်ဖူးသလို ပဲ"

ကျိုးချန် လဲ...

"LBအထက်တန်းကျောင်းကပါ"

 🌠Try 🌠Where stories live. Discover now