part 6🌠

217 29 8
                                    

Zawgyi

"လိုက်ချင်လိုက်သွားလေ
ကျိုးချန် ဘာဝယ်စရာရှိလို့လဲ"

ရိပေါ် ပြောလိုက်တော့
ပြုံးပြုံးလေးနဲ့ ပြန်ပြောလာသော
ကျိုးချန်...

"ဟိုဟာ အရုပ်စက်လေးအသစ်
ထွက်တာအဲ့တာလိုချင်လို့ "

(အရုပ်လေးတွေ အများကြီးကိုကွာ
တခုခြင်းဆီလိုက်ဆက်ရတာ
ကားတို့ စက်ရုပ်တို့ ဖြစ်သွားတဲ့ဟာ
အက်လိုမျိုးဟာကို ပြောတာပါ
ပုံကြည့်ချင်ရင်အောက်ဆုံးမှာ
ထည့်ပေးထားပါတယ်)

ရိပေါ် ခေါင်းညိမ့်လိုက်ပီး...

"အော် "

ကျိုးချန် နေရာမှ ထပီး ဟိုက်ခွမ်း ကို...

"သွားရအောင်လေ "

"အင်း "

ထြက်သြားတဲ့ ညီဖြစ်သူကိုကြည့်ရင်း
ရိပေါ် ခေါင်းခါမိသည်...

ဒီအထီးကျန်နေတဲ့ ကောင်လေးကို
တယောက်ယောက်က အဖော်ပြုပေးရင်
ကောင်းပါရဲ့...

ဟိုက်ခွမ်း နဲ့ ကျိုးချန် လမ်းတဖက်ရှိ
ကုန်တိုက်သို့ သွားလိုက်ကြသည်...

ဘာစကားမှတော့မပြောဖြစ်...

ဟိုက်ခွမ်း သူမှ စကားစမပြောရင်
စကားပြေယမည့်ပုံမပေါ်သော
ကျိုးချန် ကြောင့် သူကပဲ စပီး
ပြောရတော့သည်...

"ဟို ကျိုးချန် ငါတို့ စာရေးကရိယာ
ပစ္စည်းဆိုင် ကို အရင်သွားကြမလား"

အရုက်စက်ဆီစိတ်ရောက်နေတဲ့
ကျိုးချန် အခုမှ သတိဝင်လာကာ...

"ဟင် အော် အင်းအဆင်ပြေသလို
လုပ်ပါ"

ဟိုက်ခွမ်း ပြုံးလိုက်ပီး...

"ကူပီး ရွေးပေးမယ်မလား"

ကျိုးချန် သူ့အပြုံးတေကို
မကြိုက်ပါ အမည်ဖော်မရတဲ့
အပြုံးတွေ အဓိပါယ်မရှိတဲ့ အပြုံး
ဘာလဲ လှောင်ပြုံးလား ခနဲ့တာလား
တကယ်ပဲ စိတ်ထဲကပါလို့ပဲ
ပြုံးပြတာလား...

*စိတ်ရူပ်စရာ ကောင်းတယ် *

"အင်း "

"အပြာရောင် ရယ် အစိမ်းရောင် ရယ်
အနီရောင်ရယ် ရှာပေးပါလား
ကျန်တာ ကိုယ့်ရှာလိုက်မယ်"

 🌠Try 🌠Where stories live. Discover now