မျက်ရည်တွေဟာလည်း အချစ်

56 5 0
                                    

နွေဦးတစ်ခုရောက်တိုင်း မြစ်ကမ်းနံဘေး ပန်းခြံထဲရှိ တစ်ပင်တည်းသော မက်မွန်ပင်၏ အောက်တွင် ကောင်လေးတစ်ယောက်ရဲ့ အရိပ်ကို အမြဲတမ်းမြင်နိုင်သည်။ နွေဦးရဲ့ သင်္ကေတ ပန်းပေါင်းစုံအနံ့က ခပ်ပါးပါးလေး သူ့နားမှာ ဝေ့ဝိုက်နေခဲ့သော်လည်း သူကတော့ အာရုံစိုက်မိဟန်မတူ။ သူ့အာရုံကို ဖမ်းစားထားသည်က မက်မွန်ပင်ရဲ့ ပင်စည်အလယ်မှာ မှန်ဘောင်လေးနဲ့ ရှိနေတဲ့ ကတ်ပြားလေး။ ကတ်ပြားလေးပေါ်မှာတော့ "တူတူ ကြီးပြင်းသွားကြရအောင်" ဆိုတဲ့ စာသားလေးနဲ့အတူ ကောင်လေးနှစ်ယောက်ရဲ့ ဓာတ်ပုံတစ်ခုက ရှိနေခဲ့သည်။ ညနေ နေဝင်ချိန်ရောက်လျှင်တော့ ထိုအရိပ်ကလေးက ကျုံ့ကျုံးလေးထိုင်ကာ မြစ်ကမ်းတွင် နေဝင်သွားသည်ကို ကြည့်နေလိမ့်မည်။ ပြီးလျှင်တော့ ငိုသံသဲ့သဲ့တစ်ခုက ပတ်ဝန်းကျင်တွင် လွင့်လာမည်ဖြစ်သည်။

အချစ်ဟာ နွေဦး ပြီးတော့ နေဝင်ချိန်တွေKde žijí příběhy. Začni objevovat