Uni
"Draco Malfoy~~"
Harry potterကိုတွေ့မြင်ရသည်နဲ့အုံ့အုံ့ကြွကြွဖြစ်နေသောလူတစ်စု၊
"ဟိုမှာ Harry Potter!!"
"သူကျောင်းကိုဘာလာလုပ်တာလဲမသိဘူး"
"လက်မှတ်သွားထိုးခိုင်းကြရအောင်"
"Harry Potter ရောက်လာတာ
Malfoyတစ်ေယာက်အတွက်တော့သနားစရာပဲ"
"Harry Potterကျောင်းပြန်လာတက်တာလားမသိဘူး မိုက်လိုက်တာ!!"
"ကျွန်တော်နဲ့ အတူဓာတ်ပုံရိုက်ပေးပါ Mr.Potter""စိတ်ပျက်စရာ"
Pottahတစ်ယောက်ကိုဘုရင်ကြီးသဖွယ်ဆက်ဆံနေကြသည်ကို Draco ငေးကြည့်နေရသည်။ခုနလေးတင် Dracoကို မနှစ်မြို့ဖွယ်ကြည့်နေကြသော သူတို့၏မျက်လုံးများသည် အခု Harry Potterဆိုသူကို တအံ့တအား အားကျဂုဏ်ယူစွာကြည့်နေကြသည်။ ထို့နောက် Malfoyများကိုစော်ကားသောစကားလုံးများလည်း သူကြားနေရသည်။ Dracoစိတ်ကိုထိန်းကာ ထိုနေရာကနေထွက်သွားလိုက်သည်။*******
Harry တစ်ယောက်မနေ့ညက အတွေးများစွာနဲ့မအိပ်ပျော်ခဲ့ပါ။သူ၏စိတ်ထဲတွင် Dracoသည်တစ်ချိန်လုံးလွှမ်းမိုးနေခဲ့သည်။ Dracoအားကူညီချင်သည် ကာကွယ်ပေးချင်သည် စောင့်ရှောက်ပေးချင်နေမိသည်။ဒါကြောင့် သူမနေ့ညက Hogwartsအား မနက်ဖြန်တက်ရန်ဆုံးဖြတ်လိုက်သည်။
အေးစိမ့်စိမ့်လေနဲ့အတူ တွဲဖက်ပါလာတဲ့ မြေသင်းရနံ့လေးက Harryအားစိတ်သက်သာရစေသည်။ Hogwartsသည် အရင်တိုင်းကအတိုင်းဘာမှမပြောင်းလဲပေ။ Harry သည်သူ၏အားကိုးမှီခိုခဲ့ရာဖြစ်သော Hogwartsကျောင်းတော်ကြီးကိုအချိန်ကြာပြစ်ထားမိသည့်အတွက်နောင်တရမိသည်။
Harry Hogwartsကျောင်းပေါ်ခြေချလိုက်သည်နှင့်အတိတ်က ကိစ္စရပ်များပြန်တွေးမိလာသည်။တိုက်ပွဲမှာ သေဆုံးခဲ့ရတဲ့ချစ်ရတဲ့သူတွေအတွက် စိတ်မကောင်းဖြစ်မိသည်။ခြေတစ်လှမ်းတိုင်းမှာ အမှတ်တရတစ်ခုစီပြန်ပေါ်လာပြီး သူ၏နှလုံးသားတွင်လည်း တစ်ကြိမ်စီ နာကျင်ရသည်။ နောက်ဆုံးသူ Voldemortကိုသတ်ခဲ့နေရာတွေခြေစုံရပ်မိလိုက်သည်။
"Voldemort ခင်ဗျားကို ကျွန်တော် မုန်းလိုက်တာ၊ခင်ဗျားကြောင့် ကျွန်တော်ချစ်ရသူတွေအများကြီး ဆုံးရှုံးခဲ့ရတာပဲ၊နောက်တစ်ကြိမ် ခင်ဗျားပြန်မွေးဖွားလာရင် ကျွန်တော်ကိုယ်တိုင်ပဲ ခင်ဗျားကိုေသချာေပါက်ပြန်သတ်မိမှာ"ဟု Harryပြောမိလိုက်သည်။