(Zawgyi)
Dracoဓာတ်လှေကားထဲဝင်ပြီး
15ထပ်မြောက်ကိုနှိပ်လိုက်သည်နှင့်
့်ဓာတ်လှေကားတံခါးပိတ်သွားတော့သည်၊
ဓာတ်လှေကားထဲတွင်
Dracoအကြောင်းမဲ့ခေါင်းငုံ့ပြီးကြမ်းပြင်
ကိုသာစိုက်ကြည့်နေမိသည်။
ဓာတ်လှေကားဖွင့်သံနဲ့အတူ
Dracoမိမိအခန်းဆီကိုသွားလိုက်သည်။
တံခါးကိုဖွင့်လိုက်တော့မှောင်မဲနေသောအခန်း၊
မီးခလုတ်ဖွင့်သံနဲ့အတူလင်းထိန်သွားသောအခန်းသည်ခမ်းနားသောကွန်ဒိုတိုက်ခန်း
တစ်ခုဖြစ်သည်။Dracoရေခဲသေတ္တာဆီသွားပြီး
Absintheပုလင်းအားယူကာဖန်ခွက်ထဲသို့
အနည်းငယ်ထည့်ပြီးထိုခွက်အားယူကာ
ဆိုဖာပေါ်တွင်ထိုင်လိုက်သည်။
(T/N Absinthe means: အစိမ်းရောင်
ရှိပြီးခါးသောအရသာရှိသောအရက်)ပြတင်းပေါက်မှန်မှတဆင့်မြင်နေရသော
ညနေဆည်းဆာနေဝင်ချိန်ကြောင့်
တဖြည်းဖြည်း မှောင်မဲလာသောကောင်းကင်
ကိုကြည့်ရင်း"Potter မင်းငါနဲ့ သူငယ်ချင်းမလုပ်သင့်ဘူး၊
မင်းကနေမင်းကြီးလိုတောက်ပနေပြီး
ငါက ဒီတိုင်းဘာမှမဟုတ်တဲ့ကြယ်လေး
တစ်ပွင့်ပဲ၊ နေ နဲ့ ကြယ်ဆိုတာ မလိုက်ဖက်ပါဘူးကွာ"Draco လက်ထဲရှိအရက်ခွက်အားသောက်
လိုက်ပြီးရေချိုးခန်းထဲသို့ဝင်ပြီးရေချိုး
လိုက်သည်။
ထို့နောက် အနက်ရောင်ဝတ်စုံအားဝတ်ဆင်
လိုက်ပြီးဖွာကျနေသောဆံပင်များအား
ဂျယ်နှင့်သပ်တင်လိုက်သည်။
ထို့နောက် Draco မိဘတွေ၏စံအိမ်တော်ဆီသွားလိုက်သည်။
(T/N သူတို့ကတစ်နေရာနဲ့တစ်နေရာကို
Apparation နဲ့သွားတာပါ)Dracoကျွန်းတံခါးကြီးကိုဖွင့်လိုက်သည်နှင့်
ဧည့်ခန်းထဲတွင်ထိုင်နေသော
Draco's အဖေနဲ့အမေ အပြင်အခြား
Death Eatersများ၊"သားရောက်လာပြီလား လာခဲ့လေ
ဒီမှာလာထိုင်""ဟုတ်ကဲ့ အဖေ"Dracoအဖေထိုင်ခိုင်း
သည့်စားပွဲဝိုင်း၏ထိပ်ဆုံးတွင်ထိုင်လိုက်သည်။"သား ရဲ့မှော်ကြိမ်လုံးရော?"
"ဒီမှာပါအဖေ "Dracoမိမိ၏မှော်ကြိမ်လုံးအားထုတ်ပေးလိုက်သည်။
"ကောင်းတယ် Draco"
"အားလုံးပဲ Lord Voldemord ကို
နောက်ဆုံးBattleမှာHarry Potter
က Dracoရဲ့ဒီမှော်ကြိမ်လုံးနဲ့သတ်ခဲ့ပါတယ်
ဒါပေမဲ့ Lord Voldemordကမသေပဲသူ့ရဲ့ ဝိညဉ်
တစ်စိတ်တစ်ပိုင်းကDracoရဲ့မှော်ကြိမ်လုံး
ထဲဝင်ရောက်သွားပါတယ်။
ဝိဥာဉ်အစိတ်အပိုင်းကနည်းလွန်းတဲ့အတွက်
Lord Voldemordကိုအသက်ပြန်သွင်း
လို့ရမှာမဟုတ်ဘူးဒါပေမဲ့Dracoရဲ့
မှော်ကြိမ်လုံးထဲကVoldemord ရဲ့ဝိဥာဉ်ကိုDraco ခန္ဓာကိုယ် ထဲ ထည့်လိုက်ရင်
Voldemord ရဲ့အစွမ်းတွေကDraco
ဆီရောက်သွားပြီးDracoကLord Voldemord လိုအစွမ်းရှိသွားမှာပါ"