Ep8

227 24 5
                                    


Draco ခုန်နေတဲ့နှလုံးသားကိုဖိကာ ခြောက်ထပ်မှာရှိတဲ့ boy's bathroom ကိုအမြန်ပြေးသွားလိုက်ပြီးစိတ်ကိုပုံမှန်ပြန်ဖြစ်စေရန်မျက်နှာအား ရေထဲနှစ်လိုက်သည်။ထို့ချိန် အတွေးထဲတွင်ပေါ်လာသော Harryရဲ့စကားသံများ

"Draco ငါမင်းသူငယ်ချင်းအနေနဲ့မင်းကိုကာကွယ်ပေးလို့ရမလား"

"Harry potter မင်းကတကယ်အရူးပဲ တစ်ချိန်ကျမင်းကိုသတ်မဲ့သူကို ကာကွယ်ပေးချင်နေတယ်"

Dracoကြမ်းပြင်ပေါ်တွင်ထိုင်လိုက်တာတိတ်တဆိတ်ပြောလိုက်သည်။

"ငါမင်းကိုမသတ်ချင်ဘူး potter၊ဒါမဲ့ငါသတ်မှရမယ်ဒါကြောင့် ငါ့ကိုမင်းအပေါ်သံယောဇဉ်တွေတွယ်မိအောင်မလုပ်ပါနဲ့"

Dracoစိတ်တွေတအားရှုပ်ထွေးရသည်။သူအခု
ရက်ပိုင်း အမာရွတ်ခေါင်းကောင်နဲ့ ပက်သက်၍ခံစားချက်တွေပြောင်းလဲလာတာသတိထားမိသည်။မကြာခဏဆိုသလို Harry potter အတွေးထဲရောက်ရောက်လာသည်။Harry potterသည်အခြားသူအမြင်တွင်ပဲမဟုတ် Dracoအမြင်တွင်လည်း သူရဲကောင်းဆန်နေသည်။Harryအနားမှာရှိရင် နွေးထွေးသလိုခံစားရသည်။အထူးသဖြင့် သူနဲ့အနီးကပ်ရှိနေလျှင်‌ ရောက်ယှက်ခတ်ခုန်လာသောနှလုံးကြောင့်ဖြစ်သည်။

Dracoစိတ်ကိုထိန်းကာပတ်၀န်းကျင်ကိုကြည့်လိုက်တော့ ကိစ္စတစ်ရပ်ကပြန်မြင်ယောင်လည်။
ဒီBathroomသည် last battleမတိုင်မှီက Harryနဲ့ Draco တိုက်ခိုက်ခဲ့သည့်နေရာဖြစ်သည်။

ထိုချိန်ကDraco Death eaters တွေနဲ့ပက်သက်ပြီးသူ့တာ၀န်ကျရှုံးမှာ စိုး၍ငိုပြီး Myrtleဆီက အကူအညီတောင်းနေချိန် Harry potter ရောက်လာသဖြင့် Draco wandကိုဆွဲထုတ်လိုက်ကာရန်ပွဲကိုစတင်လိုက်သည်။Draco  'Cruciatus cruse' ကိုသုံးမဲ့အချိန် Harry potter သည် 'Sectumsempra' နဲ့လက်တုံ့ပြန်ခဲ့ပြီး Dracoအားပြင်းထန်စွာဒဏ်ရာများရစေခဲ့သည်။ရေနစ်နေတဲ့ကြမ်းပြင်ပေါ်တွင် Dracoသွေးတွေက ကြက်သွေးရောင်ပန်းပွင့်တွေလွင့်မျောနေတယ် အဲ့အချိန် Harryမျက်နှာတွင်ထိတ်လန့်မှုတွေပေါ်နေတာ Draco ခပ်မှိန်မှိန်တွေ့လိုက်ရသည်။ထို့နောက်  Severus Snape ရောက်လာပြီး Dracoအားကယ်တင်ပေးခဲ့သည်။

ထို Harry potterသည်ယခု Dracoအားကာကွယ်ပေးချင်သည်တဲ့၊ထိုအဓိပ္ပာယ်မရှိသည့်စကားကို ရင်ခုန်နေမိသည့် မိမိကိုယ်မိမိ ရူးလွန်းသည်ဟုသာသတ်မှတ်ပြီးထိုအခန်းမှထွက်လာခဲ့သည်။

If I Die.. Where stories live. Discover now