part 5.3

14.4K 1.2K 38
                                    

တစ်လကြာတဲ့ထိ မီချာ ပေါ်မလာ ဒါလဲကောင်း
တာဘဲ ငြိမ်နေတယ်ဆိုတာက မကြာခင်မုန်
တိုင်းလာလောက်တယ်

"ယောကျာ်းရေ မုန့်ဖို့ပေးချင်ဘူးလား အပြန်
ဈေးဝင်ဝယ်ဖို့ "

နေ့လည်ကုမ္ပဏီကိုထမင်းပို့ပြီးပြန်ခါနီးကပ်ချွဲနေသည်

"ကိုယ့်အပိုင် စင်တာမှာသွားယူလေ ပိုက်ဆံပေး
စရာမလိုဘူး ကိုယ့်ကဒ်လေးဘဲယူသွား"

"ကောင်းပြီး...အာဘွား အာ့ကြောင့်ယောကျာ်း
ကိုချစ်တာ "

"ကိုယ်လဲချစ်တယ်နော် "

"သွားပြီးနော် ကျားကျား "

ထမင်းချိုင့်ဆွဲကာထွက်သွားတဲ့ အမ်ဂျူး ကို
ပြုံးရင်းကြည့်နေလိုက်သည် တကယ့်ကလေးလေးဘဲ တစ်ခါတစ်လေကျ နတ်ဆိုးလေး ဘဲ

အမ်ဂျူး စင်တာမှာသူလိုချင်တာတွေလျောက်ကြည့်နေတုန်း

"အမ်ဂျူးလေး "

(Mochi ရှေ့ကဘွားတော်ကဘယ်သူလဲ)

(ဇာတ်လိုက်မ အမေ)

"အော် အန်တီမတွေ့တာကြာပြီးနော် "

"ဒါပေါ့ လာပါအန်တီတို့စကားအေးဆေးပြော
ရအောင် "

"ကျတော်သွားစရာရှိသေးတယ် အန်တီရဲ့"

"ဟုတ်လား... အင်းပါ သားတို့အိမ်ထောင်ရေး
အဆင်ပြေရဲ့လား အဟင်း သားအမျိုးသားက
သူဌေးဆိုတော့ လိုချင်တဲ့မိန်းမတွေကပေါတယ်လေ"

"ဟုတ်တာပေါ့ အဲ့ထဲမှာ အန်တီ့သမီးပါနေတယ်မလား အဟင်း "

"အဟင်း သားကနောက်တတ်သားဘဲ အန်တီ
ပြောချင်တာကကွယ် သားနဲ့တန်တဲ့အမျိုးသမီး
အန်တီရှာနိုင်တယ် သားအမျိုးသားကနောက်ဆို
ညီးငွေ့သွားနိုင်တယ်လေ သားကအရင်ကွာရှင်း
လိုက်ပေါ့ အဟင်း"

"အိမ်ထောင်ရေးကအဆင်ပြေတယ် ကွာမှာမဟုတ်ဘူး အန်တီ့သမီးနေရာ ရဖို့လာပြောပေး
နေရင်အစီစဉ်ကိုဒီမှာဘဲရပ်လိုက်ပါ ဘာလို့ဆို
ကျတော့ယောကျာ်းနားကပ်တဲ့လူမှန်သမျှ
ကျတော်ရှင်းနိုင်တယ်လေ အန်တီက
မယားငယ်နေရုံမဝလို့သမီးပိုပါ မယားငယ်
ဇာတ်သွင်းနေတာဘဲ "

System Mochi (Completed )Tempat cerita menjadi hidup. Temukan sekarang