Real life 7 (end)

15.3K 976 47
                                    

ဂျောင်ကု၏ နန်းဆောင်တွင်

"ထယ်... အစ်ကိုနမ်ဂျွန်တို့နဲ့ သွားစရာရှိတယ်
နတ်ဆိုးတွေသောင်းကြမ်းနေလို့ဖြေရှင်းရမှာ"

"အင်းသွားလေ.. ဂျွန်... ထယ့်ကိုစိတ်ချပါ
အစ်ကိုဂျင်တို့ရှိတာဘဲ "

"အင်းပါ ကိုယ်ကစိတ်ပူလို့ "

ဂျောင်ကုတို့နောက်တစ်နေ့မှာဘဲ ကိစ္စ​တွေဖြေ
ရှင်းရန်ထွက်သွားသည် ။

သုံးရက်မြောက်နေ့တွင်

"ကင်ထယ်ယောင် "

"ဟမ်...ကပ်သရီ ငါ့နန်းဆောင်ထဲဘာလာ
လုပ်တာလဲ ထွက်သွားစမ်း "

"ဟက်...အရှင်မရှိဘူးမှတ်လား "

"နင်နဲ့ဘာဆိုင်လဲ"

"ဆိုင်တာပေါ့ မဟုတ်ရင် အရှင်ပါ ထိခိုက်မှာ
စိုးလို့"

ဝုန်းးး

"အ...ကပ်သရီ နင်..နင် "

ကပ်သရီ ထယ်ယောင်ကို မိုးကြိုးနဲ့ပစ်တာ
ကြောင့်ထယ်ယောင် လွင့်သွားပြီး နောက်ကနံရံနဲ့သွားစောင့်သည်။

"ဟက်...ဒီနေ့နင်အသေဘဲ "

"အ...နင်ဘဲသေမလား...ငါဘဲသေမလားကြည့်
ရတာပေါ့"

ထယ်ယောင်ဗိုက်ကို အသာကိုင်ကာ ထလိုက်
ပြီး သူ့ရဲ့အပြာရောင်ကြာပွတ်ကိုထုတ်ချိန် ကြာ
ပွတ်ဟာအရင်လိုမဟုတ်ဘဲ ဆူးတွေနဲ့ ဖန်တီး
ထားတဲ့ကြာပွတ်ဖြစ်နေသည်

*ဗိုက်ကြီးပြီးမှအဆန်းတွေဖြစ်နေတယ် *

"ဖြောင်းးး"

"အားးး......ကင်ထယ်ယောင် နင်သေတော့"

ဂျင်တို့လဲ မိုးကြိုးသံတွေကြားတာကြောင့်
ထယ်ယောင်နန်းဆောင်ကိုလိုက်လာပေမယ့်
ဝင်လို့မရပေ ထိုချိန် ထယ်ယောင်နဲ့ကပ်သရီက
တိုက်ခိုက်ရင်း အပြင်ဘက်ရောက်လာသည်
သူတို့သွားကူညီချင်ပေမယ့် တစ်ခုခုကာ တား
စီးထားတာကြောင့် အပြင်ကသာရင်တမမနဲ့
ကြည့်နေရသည်

"ဖြောင်းး"

ထယ်ယောင်တစ်ချက်ရိုက်တိုင်း ကပ်သရီရဲ့
အသားစတွေဟာ ကြာပွတ်မှာကပ်ပါလာသည်

System Mochi (Completed )Où les histoires vivent. Découvrez maintenant