part 10.8

11.3K 1K 41
                                    

အားလုံးက သူတို့ရှေ့ကဖြစ်သွားတာကိုမယုံ
နိုင်လန့်တယ်ဆိုပိုမှန်မယ် ခုလိုမလုပ်
လောက်ဘူးထင်တာလေ ဧကရီဒေါသကြီး
တာလဲသိတယ် ဒီလောက်ထိဖြစ်ဖို့ထိ သူတို့မထင်ဘူး ခုတော့ ဘလ်လလ် ရဲ့ရုပ်ပျက်နေတဲ့
အလောင်းက သက်သေမလား

"အူ..အူကြူးလေး"

"ဟင်...ငါခုထိစိတ်မပြေသေးဘူးနော် "

"ဟုတ်ပြီး.စိတ်လျော့နော် လာသွားမယ် "

ဒန်နီရယ်ကမထွက်ခင် ဘိဂဲလ် နဲ့လီလီဘက်
လှည်ကာ

"မင်းတို့မြင်တယ်မလား.... ဟက်မင်းတို့ခိုင်း
တဲ့လူကိုခုမင်းတို့မြင်လား အေ အဲ့တော့
နောက်တစ်ခါမင်းတို့အလှည့်ဆိုတာမှတ်
ထားလိုက် "

ဒန်နီရယ်တို့ထွက်သွားမှ ဘလ်လလ်အဖေက

သူ့သမီးအလောင်းနား အပြေးသွားကာပွေ့လိုက်သည် စမ်းကြည့်တော့အရိုးတွေဟာကြေ
မွနေလို့ လူဟာ ရေစိမ်ထားတဲ့ဂျယ်လီလို
ပျော့ဖက်နေသည်

"တောက်! လုံးဝမကျေနပ်ဘူး "

အဖိုးကြီးအသံကြောင့် ဘိဂဲလ်တို့ပြုံးလိုက်သည်
သူတို့ဧကရီကို အဖိုးကြီးနဲ့လွှတ်ပြီး သူတို့က
အရှင့်စီတိုက်ရိုက် လုပ်ကြံလို့ရပြီးလေ

သူတို့မှားနေတဲ့အတွေးက ဧကရီကသူ့ကိုထိတာထက် သူ့လူကိုထိရင်ပိုဆိုးတယ် ဆိုတာကိုမသိတာပင်

——

"ဒန်နီရယ်...ခု လုပ်လိုက်တာက မင်းကိုထိခိုက်
လာနိုင်တယ်ဆိုတာသိလား"

"သိပါတယ်... ဒါပေမယ့်သူက...ကျစ် "

ပြောနေရင်းဒေါသထွက်သလိုဖြစ်တာကြောင့်
ဆက်မပြောဘဲခေါင်းငုတ်သာနေလိုက်သည်

"ကိုယ်ခုဆူနေတာမဟုတ်ဘူးနော်... သူတို့က.မင်းကိုထိခိုက် လာရင်တောင်ကိုယ်က ကာကွယ်
ပေးမှာ "

"အင်းပါ ဒေါသမထိန်းနိုင်ဘူးဖြစ်သွားတယ် "

"နားလိုက်ပါအုံး...ပင်ပန်းနေတယ်မလား"

"ဖက်ပေး"

"လာ"

အလ်လက်စ်က လက်ကမ်းလိုက်တော့
ဒန်နီရယ်တစ်ယောက်ရင်ခွင်ထဲအတင်းတိုး
ဝင်ကာဖက်ထားလိုက်သည်
အလ်လက်စ် ဒီကိစ္စဖြေရှင်းရအုံးမယ်
ဘလ်လလ် အဖေကညိမ်မှာမဟုတ်ဘူး

System Mochi (Completed )Où les histoires vivent. Découvrez maintenant