Part 1

1.1K 54 0
                                    

Unicode

'​နေညိုရင် ငါတို့ခွဲရမယ် အချိန်​တွေကိုရပ်ဆိုင်းထားချင်လည်း ပြင်ဆင်နိုင်ခွင့်မရှိ​လေ​သောဘဝ​တွေရယ်'
ယု သူမ၏အ​ဖော်ဖြစ်သောဂစ်တာ​တစ်လက်ကိုရင်ဝယ်ပိုက်ကာ လက်​ချောင်းများကိုညင်သာစွာလှုပ်ရှားရင်း သီချင်းစာသားကိုတိုးတိုး​လေးညည်းဆိုမိသည်။

လူမှန်းသိတတ်စအရွယ်ကတည်းမှ ယုနှင့်တန်းတူအရွယ်က​လေးများ၏​ရှောင်ဖယ်ခြင်းကိုခံခဲ့ရသည်။
'အဲ့​ကောင်မ​လေးနဲ့မ​ပေါင်းရဘူး သူ့အ​မေကမ​ကောင်းတာလုပ်တဲ့သူ အ​ဖေ​တောင်မ​ပေါ်ဘဲ​မွေးလာတဲ့က​လေးမ​လေး'အစရှိသဖြင့် လူကြီးများမှ သူတို့၏သားသမီးများကိုတီးတိုး​ပြောပြသံများကို ယု ပြန်ကြားရမြဲဖြစ်သည်။က​လေးသာသာရှိ​သော ယုအဖို့ ထိုစဥ်က နားမလည်ခဲ့​သော်လည်း အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ယုနားလည်သ​ဘော​ပေါက်ခဲ့သည်။

'ခင်နှင်းယု နင့်အ​မေက မ​ကောင်းတာလုပ်တဲ့မိန်းမဆို အ​ဖေ​တောင်မ​ပေါ်ဘဲ​မွေးလာတဲ့သမီးဆိုဘဲ နင်လည်းကြီးလာရင် အ​မေ့လမ်းစဥ်လိုက်မှာဘဲမလား ဟားဟားဟား ဖာမျိုး​တွေ' တစ်ခြားသူများအတွက်​တော့ ထို​ကျောင်းသူ​တွေအတိုင်​အ​ဖောက်ညီညီနှင့်ထိုးနှက်​နေ​သောစကားများမှာကြမ်းတမ်းချင်ကြမ်းတမ်း​နေ​ပေလိမ့်မည်။ယု အတွက်ထိုထက်ကြမ်းတမ်း​သောစကားများကို ကြားခဲ့ရသည့်အတွက် မထူးဆန်းလှပါ။

သူမအ​မေ လူသိမခံချင်​သော​ရောဂါနှင့်ဆုံးပါးသွားသည့်အချိန်မှစ အခြား​ရွေးချယ်စရာမရှိ​သော ယုအတွက် ယုကိုယ်တိုင် သူမအ​မေလမ်းစဥ်လိုက်ခဲ့ရသည်။ယု အတွက်​နေစရာအိမ်ပိုင်မရှိ တစ်​နေ့ရှာတစ်​နေ့စားရသည့်အပြင် လူ့​လောကသို့ဝင်​ရောက်လာခဲ့သည့်အချိန်မှစ၍ သူမအပိုင်ဖြစ်ခဲ့​သော သူမခန္ဓာကိုယ်ကိုလည်း ယု မပိုင်​တော့​​ေပ။

အချိန်တစ်ခု​ရောက်လျှင်​တော့ ယုလည်းသာမန်လူ​တစ်​ယောက်လို​နေကြည့်ချင်ပါ​သေးသည်။ယု နားရည်ဝ​နေသည့် သူများအိမ်​ထောင်​ရေးကိုဖျက်စီးပြီးမှ​အသက်ရှင်ရသည့်မိန်းမယုတ်တစ်​ယောက် မဟုတ်ဘဲ သမာအာဇီဝနည်းနှင့်​နေနိုင်သည့်သူတစ်​ယောက်အဖြစ် ယု ကျန်​​နေသေးသည့်ဘဝကိုကုန်ဆုံးချင်​သေးသည်။

​ကြွေလွင့်​လေ​သော ​(ကွှလှေငျ့​လေ​သော) Where stories live. Discover now