Unicode
သက်ထားမေ ဂျီပီစက်ရှင်အဖွဲ့ဝင်အဖြစ် ကာလသားရောဂါနှင့်ပတ်သက်သည့်ပို့ချမှုသင်တန်းကို သုံးရက်တိုင်တိုင်တက်ရောက်လေ့လာခဲ့ပြီး နောက်ဆုံးညတွင်အိမ်ပြန်အတော်နောက်ကျခဲ့သည်။
သူမတို့သင်တန်းပို့ချသည့်နေရာအနားတွင် လူမပြတ်သေးသော်လည်း ထိုနေရာမှအတန်ငယ်ဆက်လျှောက်လာလျှင် လူပြတ်လတ်ကာ လမ်းတစ်လျှောက်မီးအလင်းရောင်အနည်းငယ်သာရှိလေသည်။သင်တန်းပို့ချသည့်သုံးရက်စလုံး သူရအောင်၏အကူအညီကြောင့် သူမအိမ်သို့အဆင်ပြေပြေပြန်ရောက်ခဲ့သည်။နောက်ဆုံးညတွင်မူ ဆရာကြီး၏ဟောပြောပို့ချမှုမှာ အရှိန်ကောင်းနေသောကြောင့် လွန်ခဲ့သောရက်များထက်ပို၍နောက်ကျခဲ့သည်။
လူအတော်ပြတ်လတ်နေပြီဖြစ်သော်လည်း မှတ်တိုင်အောက်တွင် ဒူးချိတ်ကာ ခပ်တွေတွေငေးမောနေသော ကောင်မလေးတစ်ယောက်ကို သက်ထားသတိထားမိလိုက်သည်။ယခုလိုအချိန််လူပြတ်သည့်နေရာမှတ်တိုင်တွင် အတန်ငယ်ဖော်ချွတ်ထားသော မိန်းကလေးငယ်တစ်ဦး သူမအထင်မလွဲမှားလျှင် ထိုကောင်မလေးမှာ ဘဝပေးမကောင်းခဲ့သောကြောင့် လမ်းမှားရောက်ခဲ့သည့် မိန်းမပျိုတစ်ဦးဖြစ်ပေလိမ့်မည်။သက်ထား မည်သည့်အလုပ်မျိုးဖြင့် အသက်မွေးနေသည့်သူဖြစ်ပါစေ အပြစ်မဆို မရှုံ့ချမိပါ။လူဟူ၍ဖြစ်လာလျှင် အသက်ရှင်ရန်အတွက်သာရုန်းကန်နေရမည်ဖြစ်သည်။
သက်ထား သူမတွင်ပါလာသော ခြုံပုဝါအနက်ရောင်လေးကို ထိုကောင်မလေးကိုပေးခဲ့လိုက်သည်။ဆရာဝန်တစ်ယောက်အနေနှင့် လုပ်သင့်လုပ်ထိုက်သည့်အရာဟု ခံယူထားသောကြောင့်ဖြစ်သည်။
'မေ ရယ် သင်တန်းမှာစောင့်တာမဟုတ်ဘူး ညဘက်ဆိုဒီနားကလူသိပ်ပြတ်တာ ပြီးတော့ မေ့ဘေးနားကကောင်မလေးကိုကြည့်ရတာ ကောင်းတဲ့မိန်းကလေးဖြစ်မယ့်ပုံမပေါ်ဘူး မေ့ကိုပါ တစ်မျိုးထင်သွားကြမှာဆိုးတယ်'
'သူရရယ် လူတစ်ယောက်ကောင်းတယ်မကောင်းဘူးဆိုတာ အဲ့လူရဲ့အလုပ်နဲ့မဆိုင်ပါဘူး အဲ့လူရဲ့စိတ်ထား အတွင်းစိတ်နဲ့ဘဲဆိုင်ပါတယ် ဘယ်သူကကော အခုလိုလမ်းမျိုးကိုရွေးချယ်ချင်မှာလဲ မသက်သာလို့ဖြစ်ခဲ့ရတာတွေကြီးပါဘဲ'
YOU ARE READING
ကြွေလွင့်လေသော (ကွှလှေငျ့လေသော)