Part 3

204 17 8
                                    

Unicode

ယု၏​ခြေလှမ်းများသည် ယခုတ​လော ထိုအမျိုးသမီးနှင့်​တွေ့ခဲ့သည့် မှတ်တိုင်အနီးအနားတစ်ဝိုက်သို့သာ မှန်မှန် ​ရောက်ခဲ့သည်။ယု တစ်စုံတစ်​ယောက်အ​ပေါ်တွင်မျှအားကိုးလိုစိတ် ရင်းနှီးလိုစိတ်မရှိခဲ့​ပေ။မြတ်နှင့်သီတာမှာ​တော့ သူမနည်းတူလူစားများဖြစ်သည့်အတွက် ခြွင်းချက်တစ်ခုပင်ဖြစ်သည်။ထို​နေ့ညက​တွေ့လိုက်​သော ဆရာဝန်မကို​သာလျှင် ယု ဘာရယ်​ကြောင့်မှန်းမသိ ရင်းနှီးချင်မိသည်။

အများ​ပြောကြသည့်အတိုင်းလူတန်းစားအဆင့်ခွဲခြားသတ်မှတ်မည်ဆိုလျှင် ထိုအမျိုးသမီးမှာအထက်တန်းစားဖြစ်ပြီးယုတို့လိုလူမျိုးမှာ​တော့ ​အောက်တန်းစားအဆင့်သာဖြစ်သည်။ထိုအဆင့်အတန်းကွာခြားချက်မှာ ယုနှင့်ထိုအမျိုးသမီး ခင်မင်ရင်းနှီးခွင့်ရရန်ကိုပင် အလွန်ခြားနားထားသည်​။

အထက်တန်းစားအလွှာမှသနားကြင်နာမှု ​နွေး​ထွေးမှုတစ်ကြိမ်တစ်ခါမျှ မရရှိခဲ့သည့်ယုအဖို့ ထိုအမျိုးသမီး၏သူတစ်ပါးအ​ပေါ်​နွေးထွေးကြင်နာမှု​သေး​သေး​လေးကိုပင် ယုအတွက်အလွန်တရာကြီးမား​နေခဲ့သည်။

ထိုအမျိုးသမီးစိတ်ထဲမှာပင်လျှင် ယုရှိချင်မှရှိ​တော့မည်။ထိုအမျိုးသမီးအတွက် လမ်းမှာ​တွေ့ခဲ့သည့် သူတစ်​ယောက်ကိုကူညီခဲ့သည်ဟု သူမစိတ်ထဲ​တွေး​တောချင်​​တွေး​တော​ကျန်ရစ်နေလိမ့်မည်။ယုအဖို့ ထိုအမျိုးသမီးနှင့်တစ်ကြိမ်တစ််ခါမျှထပ်​တွေ့ခွင့်ရရန် ခင်မင်ရင်းနှီးခွင့်ရရန်သာစိတ်ထဲကြီးစိုးလို့​နေမိသည်။

'မသီတာ​ အသက် ၂၄နှစ် ​မူးယစ်​ဆေး​တွေဘာ​တွေများ သုံးစွဲဖူးသလား'

မူးယစ်​ဆေးဝါးသုံးစွဲရုံနှင့်​တော့ ​​ရောဂါမကူးစက်နိုင်ပါ။သို့​သော် ​ရောဂါပိုးရှိသည့်သူသုံးစွဲပြီး​သော​ဆေးထိုးအပ်ကိုတစ်​ချောင်းတည်းမျှ​ဝေသုံးစွဲလျှင်​တော့ကူးစက်​စေနိုင်သည်။

'မူးယစ်​ဆေးနဲ့​တော့လုံးဝကင်းရှင်းပါတယ် ​ဒေါက်တာ တစ်ခါမှ​တောင်မမြင်ဖူးပါဘူး'

သက်ထား ထို​ကောင်မ​လေးနှင့်ပတ်သက်သည့်​ဆေးစစ်ချက်ကိုလှန်​​လှောကြည့်​နေရင်း ထို​ကောင်မ​လေးအ​ဖြေကို​ခေါင်းငြိမ့်ကာ နား​ထောင်​နေ​ကြောင်းဟန်
ပြလိုက်မိသည်။မိန်းက​လေးငယ်တစ်​ယောက် မူးယစ်​​ဆေးကင်းရှင်းလျှင် ​နောက်ဆုံးဖြစ်နိုင်​ချေတစ်ခုမှာ​ ​ရောဂါပိုးရှိသည့်သူတစ်​ယောက်နှင့်အကာအကွယ်မပါဘဲလိင်ဆက်ဆံခဲ့ခြင်း​ကြောင့်ဖြစ်လိမ့်မည်။

You've reached the end of published parts.

⏰ Last updated: Oct 24, 2022 ⏰

Add this story to your Library to get notified about new parts!

​ကြွေလွင့်​လေ​သော ​(ကွှလှေငျ့​လေ​သော) Where stories live. Discover now