Ch-7: နင်ကမှ အငယ်အနှောင်း။

256 42 6
                                    

Chapter 7: နင်ကမှ အငယ်အနှောင်း။

ပါးရိုက်ခံတယ်။

အန်းယု သည် သူမကို ရုတ်တရက်ဆန်လွန်းစွာ ရိုက်ပလိုက်သည်။ စန်းဖန် သည် သူမ ပါးရိုက်ခံရမည်ဟု မထင်ထားပေ။ သူမ မတုံ့ပြန်ခင်တွင် သူမမျက်နှာထက် ပူလောင်တဲ့ ဝေဒနာကို ခံစားလိုက်ရတယ်။

သူမရဲ့မျက်နှာ ထိခိုက်သွားပြီ။!

စင်ပန်၏ အကြည့် က အေးစက်သွားသည်။ အန်းယု က သူမကို ထပ်ပြီး ပါးရိုက်တော့မည်ကို မြင်သောအခါ သူမ သည် အန်းယု၏လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ သူမ၏လက်သည်းများ သည် အန်းယု၏ အရေပြားထဲသို့ ဖောက်ဝင်သွားပြီး အန်းယု က နာနာကျင်ကျင်နဲ့ ထအော်သည်။

"ခွေးအငယ်အနှောင်းမ၊ ငါ့ကို လွှတ်လိုက်စမ်း"

"အငယ်အနှောင်း?"

စန်းဖန် သည် အိမ်ထောင်စုစာရင်းကို သူမမျက်နှာဆီသို့ ပစ်ပေါက်လိုက်သည်။ ၎င်းတွင် "လက်ထပ်စာချုပ်" ဟူသော စကားလုံးသည် အန်းယုရဲ့မျက်လုံးကို နာကျင်စေသည်။

'သေချာကြည့်၊ ကျွန်မ က ယဲ့ရှောင်ရဲ့တရားဝင်ဇနီး၊ ကျွန်မရှေ့မှာ သူ့အပေါ် ခံစားချက်ရှိတဲ့မိန်းမ ကမှ အငယ်အနှောင်းပဲ"

စန်းဖန် သည် ရှက်ရွံ့နေသော အန်းယုကို စိုက်ကြည့်ကာ ရုတ်တရက် ပြုံးလိုက်သည်။

"နင် က ယဲ့ရှောင်ကို အရမ်းဂရုစိုက်တယ်ဆိုတာ ကျွန်မ မေ့သွားလို့၊ နင် က အကြီးဆုံးအငယ်အနှောင်းဖြစ်မှာ ကျွန်မ စိုးတယ်"

စန်းဖန် မှ သူမ၏နာကျင်သောနေရာကို ထိုးနှက်သောအခါ အန်းယု သည် အရူးအမူးရုန်းကန်သော်လည်း စန်းဖန်၏ဆုပ်ကိုင်မှုမှ မလွတ်မြောက်ပေ။

"နင်ကမှ အငယ်အနှောင်းဟဲ့"

"အဲဒါ နင် ဆုံးဖြတ်ရမှာ မဟုတ်ဘူး" စန်းဖန် သည် သူမဘေးမှာ တိတ်ဆိတ်နေသည့် ယဲ့ရှောင် ကို လှည့်ကြည့်ပြီး လေသံတင်းမာမာနဲ့ပြောလိုက်သည်။ "မစ်စတာယဲ့၊ ရှင့်ဇနီးအစစ်က ဘယ်သူလဲ? သူမက ရှင့်အတွက် ဘာလဲ?"

စန်းဖန် သည် ခေါင်းစဉ်ကို ယဲ့ရှောင် ဆီသို့ ပြောင်းလိုက်သည်။ အန်းယု သည် ပါးစပ်ပိတ်၍ ယဲ့ရှောင်ကို မျှော်လင့်တကြီး ကြည့်နေခဲ့သည်။

သရဲမိသားစု။Where stories live. Discover now