Chapter 18: သူမမှာ မရှိသင့်တဲ့သူတစ်ယောက်က သူမကို ထိခိုက်အောင်လုပ်ခဲ့တယ်။

144 16 0
                                    


Chapter 18: သူမမှာ မရှိသင့်တဲ့သူတစ်ယောက်က သူမကို ထိခိုက်အောင်လုပ်ခဲ့တယ်။

မိနစ်အနည်းငယ်အတွင်း စန်းဖန် သည် မူးဝေလာသည်။ သူမသည် ပေါ့ပါးစေဖို့ ပါးကို ပုတ်လိုက်သည်။

ရုံးခန်းထဲက လေအေးပေးစက်ကို လှမ်းကြည့်တယ်။ အပူချိန်က မမြင့်ပေမယ့် ဘာကြောင့် ဒီလောက်ပူနေရတာလဲဆိုတာ သူမ မသိပါ။

"ဖန်ဖန် ဘာဖြစ်လို့လဲ?" ရှောင်ကျဲ က စန်းဖန် ဆီသို့ လျှောက်လာကာ စိုးရိမ်တကြီး မေးသည်။

စန်းဖန် က သူမလက်ကို ဝှေ့ယမ်းကာ ရေချိုးခန်းဆီသို့ တရွေ့ရွေ့လျှောက်လာရင်း နဖူးကိုကိုင်ထားသည်။ ရှောင်းကျဲ သည် အသံများကို နားထောင်ရင်း သူမနောက်မှ ဂရုတစိုက် လိုက်သွားခဲ့သည်။

ဘန်း!

ရှောင်ကျဲ သည် ဝမ်းသာပီတိဖြစ်ပြီး အထဲကို အမြန်ပြေးဝင်သွားတယ်။ မျှော်လင့်ထားသည့်အတိုင်း သတိလစ်နေသော လူကို မြေပြင်ပေါ်၌ တွေ့လိုက်ရသည်။ သူမသည် စန်းဖန်ကို ကူညီပြီး အပြင်ထွက်ခဲ့သည်။ သူမ မထွက်ခွာမီတွင် စန်းဖန်အတွက် ခွင့်တင်ပေးဖို့ မမေ့ပေ။

ယဲ့ကော်ပိုရေးရှင်းနှင့် ဆန့်ကျင်ဘက်တွင် ဟိုတယ်တစ်ခုရှိသည်။ ရှောင်ကျဲ သည် စန်းဖန် ကို အခန်း 8989 သို့ တိုက်ရိုက် ပို့ခဲ့သည်။ သူမ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ဘယ်သူမှ မတွေ့ပေ။ သူမသည် နံပါတ်တစ်လိုင်းကို ခေါ်လိုက်သည်။

"မစ်အန်း၊ ပြီးပြီ။"

ရှောင်ကျဲ သည် အခန်းထဲကို ခပ်ဝဝ လူတစ်ယောက်ဝင်လာချိန်မှာပဲ ထွက်သွားခဲ့တယ်။

စန်းဖန် သည် သတိလစ်နေပြီး လမ်းလျှောက်နေခဲ့သည်ကို တနည်းနည်းနဲ့ခံစားမိသည်။ ကြမ်းတမ်းသော လက်တစ်စုံက သူမခန္ဓာကိုယ်ကို ဆုပ်ကိုင်ထားသည်။ သူမသည် အလိုလို ခုခံနေသော်လည်း သူမ၏ ခန္ဓာကိုယ်မှ အပူလှိုင်းများက သူ့ကို လက်ခံချင်လာခဲ့သည်။

စန်းဖန် ခွင့်တင်ထားသည့်သတင်း ကို ယဲ့ရှောင်းထံ ချက်ချင်း တင်ပြခဲ့သည်။ သူ သည် စန်းဖန်၏လှုပ်ရှားမှုများကို စောင့်ကြည့်ရန် သူ၏လက်ထောက်အား အထူးညွှန်ကြားခဲ့သည်။

သရဲမိသားစု။Where stories live. Discover now