မနက်ခင်းကို အစပြုဖို့ နေရောင်ဟာ ဖြာကြလာပြီဖြစ်သည်....။
မနက် 7 နာရီအချိန်လောက်မှာ JUNG KOOK တစ်ယောက်နိုးလာခဲ့ပြီ..။
အားလုံးပြင်ဆင်ပြီးတာနဲ့ တစ်ဖက်ခန်းက TAE ဆီသို့ သွားလိုက်သည်။
သူအခန်းရောက်တော့ TAE ဟာစောင်တွေရော ခေါင်းအုံးကိုပါ စနစ်တကျထားကာ
အခန်းကို လှည့်ပတ်ကြည့်လိုက်တော့ ရှင်းလင်းကာ ဘာမှမရှိပေ...။*ဒါဆို TAE ထွက်သွားတာများလား...*
JUNG KOOK ရေးကြီးသုတ်ပြာနဲ့ အောက်ထပ်ကိုဆင်းလာပြီး
ထမင်းစားခန်းထဲသို့ သွားကြည့်လိုက်သည်။တွေ့ပါပြီ...။
TAE ဟာအိမ်တော်ထိန်းကြီးနဲ့အတူ မနက်စာ
ပြင်နေတာကို ကြည့်ပြီး
သူ သက်ပြင်းချမိသည်....။"အော် သခင်လေးတောင်
ဆင်းလာပြီပဲ
အားလုံးအဆင်သင့်ဖြစ်ပါပြီ..""အင်း..."
JUNG KOOK လည်း ထမင်းစားပွဲခုံရဲ့ ထိပ်ဆုံးခုံမှာ ထိုင်လိုက်သည်..။
"မင်းလည်း ထိုင်လေ အဲ့မှာ ဘာရပ်လုပ်နေတာလဲ"
"ဟို TAE မဆာသေးလို့ပါ..."
"လာထိုင်"
"ဟို ဟိုလေ.."
"ငါက ထိုင်ဆိုထိုင်လိုက်ပါလား ငါဒေါသထွက်အောင်လုပ်နေတာလား!"
"မ...မဟုတ်ပါဘူး.. ကိုကို TAE ထိုင်ပါ့မယ်.."
TAE လည်းဘေးခုံမှာ ဝင်ထိုင်လိုက်သည်။
"စားစရာရှိတာစား အဲ့တာမှ
ငါနှိပ်ဆက်ရင် ခံနိုင်ရည်ရှိမှာ..."စားသောက်ပြီးတာနဲ့ JUNG KOOK ဧည့်ခန်းမှာထိုင်နေရင်း...
"KIM TAE HYUNG"
"ဟုတ် ဟုတ်ကဲ့ ကိုကို လာပါပြီ.."
TAE လည်း JUNG KOOK ခေါ်သံကြောင့် ထမင်းစားခန်းကနေ
ဧည့်ခန်းကို အမြန်လာခဲ့လိုက်သည်..။"မင်း ဘာလုပ်နေတာလဲ"
"ကြီးကြီးကို ဝိုင်းကူလုပ်ပေးမလို့ပါ ဟို ကိုကို ဘာခိုင်းမလို့လဲ ဟင်..."
"အေး မင်းဝိုင်းကူလုပ်ပြီးသွားရင် ငါ့အခန်းထဲမှာရှိတဲ့ ခြင်းထဲက
ဝတ်ပြီးသား အဝတ်တွေလျှော်ထား အော်
ငါက စက်နဲ့ လျှော်တာမကြိုက်ဘူး လက်နဲ့လျှော်တာပဲကြိုက်တယ်...
ငါပြောတာကြားလား"