စားသောက်ဆိုင်တစ်နေရာတွင် JUNG KOOK
အား စကားအေးအေးဆေးဆေး
ပြောလို့ရအောင်ထိုင်စောင့်နေသူတစ်ယောက်...။"ငါဒီမှာ.."
ဆိုင်ထဲတွင်သူ့ကိုရှာနေသော JUNG KOOK
အား သူလက်လှမ်းပြလိုက်သည်။JUNG KOOK လည်းခုံမှာဝင်ထိုင်ရင်း
"ဘာထူးလို့လဲ JIMIN"
"အေး...။
KIM NAM JOON က SEOK JIN ကိုမသတ်တာသေချာတယ်""ဘာ..!
ဒါဆို ငါ ငါ TAE အပေါ်မှာ အမှားကြီး
မှားပြီပေါ့...
ဟာကွာ တောက်!!!""ငါမင်းကိုပြောပါတယ် ဒါပင်မဲ့
မင်းအချိန်မှီပါသေးတယ်ကွာ အော်...
ပြီးတော့ ငါပြောအုံးမယ် မင်းအမေရဲ့အရင်
Driver လေ သူလည်းသိချင်သိမှာ""အင်း သူ့လိပ်စာကိုငါစုံစမ်းလိုက်မယ်
သူတို့သားအမိ ငါ့အိမ်ပေါ်ရောက်နေတယ်""ဒါဆို မင်းသတိထားနေအုံးနော်
ငါတို့စုံစမ်းနေတာလည်းမရိပ်မိစေနဲ့""ငါသိတယ် မင်းသာဂရုစိုက်..."
"ဒါနဲ့ သူတို့က US မှာနေတာတောင်
အဆင်မပြေကြဘူးလား""ငါတော့မထင်ဘူး သူတို့ဒီကိုပြန်လာပုံရရင်
ငါ့ဆီက တစ်ခုခုလိုချင်လို့နေမယ်""အစစ အရာရာ ဂရုစိုက်ပါကွာ
ပြီးတော့ မင်း TAE HYUNG ကိုကာကွယ်ပေး
မင်းသူ့ကို နှိပ်စက်နေတာ
နှစ်ချီနေပြီလေ JUNG KOOK..."JIMIN ပြောတဲ့စကားကို JUNG KOOK နား
ထောင်ရင်း
စိတ်မကောင်းဖြစ်မိသည်။
တကယ်ဆိုရင် သူ သူများစကားကိုနားမဝင်
ဘဲ အရင်စုံစမ်းခဲ့သင့်သည်..။
အခုတော့ သူလုပ်ခဲ့သမျှအမှားပဲဖြစ်နေတယ်...။"ငါ Company ကိုပြန်သွားရမယ်"
"အေး အေး ဂရုစိုက်"
နှစ်ယောက်သားဆိုင်အပြင်သို့ အတူ
ထွက်ကြပြီး
ကား ကိုယ်စီမောင်းကာထွက်သွားကြသည်။.............
"သား မာမီတို့ ဟိုအကောင်ကိုမှတ်လောက်
သားလောက်အောင်
ပညာပေးရမယ် တနည်းနည်းနဲ့ ဒုက္ခရောက်
အောင်လုပ်ပြီး အိမ်ပေါ်ကဆင်း
သွားအောင်လုပ်ရမယ်"