ညက JUNG KOOK တစ်ယောက် ညလုံးပေါက်
အလုပ်တွေလုပ်နေခဲ့၍ မနက် ၃နာရီလောက်မှ
အိပ်ဖြစ်တော့သည်...။
အခုတော့ ရုံးသွားချိန်နောက်ကျလေပြီ..။*တီလ် တီလ် တီလ်*
ကုတင်ဘေးစားပွဲပေါ်မှ စားပွဲတင်နာရီလေး
တတီတီနဲ့အချက်ပေးတော့မှ
JUNG KOOK နိုးလာခဲ့သည်...။"ဟာ သွားပြီ...။
ဒီနေ့ အစည်းအဝေးရှိတာပဲ"JUNG KOOK ရေချိုးခန်းထဲဝင်ကာ ရေချိုးပြီး
မနက်စာပင်မစားနိုင်ဘဲ
Company သို့သွားရန်ပြင်ဆင်လိုက်သည်...။HOSEOK တစ်ယောက် ကားမောင်းနေရင်း
သူ့ JUNG KOOKကို
နောက်ကြည့်မှန်ကတစ်ဆင့် ကြည့်နေမိသည်။
ဒီလောက်အဘက်ဘက်ကပြည့်စုံပါလျက်
ဘာလို့များ TAEHYUNGကို နှိပ်စက်နေရပါလိမ့်
ဆိုတဲ့ အကြည့်နဲ့ပေါ့...။"ဟိုဆော့"
'ဗျာ ...သူဌေး'
"မင်း ဘာလို့ငါ့ကို နောက်ကြည့်မှန်ကကြည့်နေတာလဲ"
'ဘာမှမဟုတ်ပါဘူး ဟို...
အရင်ကဆို သူဌေးနောက်မကျဖူးဘူးလေ'"အခုရော နောက်ကျလို့လား'
'အဲ့လိုမဟုတ်ပါဘူး'
"အင်း...
ကားကိုသာသေချာမောင်းစမ်းပါ"HOSEOK လည်းခေါင်းညိမ့်ပြလိုက်ပြီး ကားကို
ဂရုစိုက်မောင်းလိုက်သည်။
တစ်နာရီနီးပါးကြာအောင် ကားမောင်းပြီးတော့
Company သို့ရောက်ပြီဖြစ်သည်...။JUNG KOOK ချက်ချင်းပဲအစည်းအဝေးခန်းထဲသို့
တန်းသွားလိုက်သည်။"ကျွန်တော်နောက်မကျပါဘူးနော်"
'ဒါပေါ့ဗျာ 'ဥက္ကဌဂျွန်' အလုပ်အပေါ်ဘယ်လောက်ထိ
အချိန်တိကျသလဲဆိုတာ အန်ကယ်တို့သိတာပေါ့'ရှယ်ယာရှင်များထဲမှ အသက်၅၀ကျော်အမျိုးသား
တစ်ဦးမှပြောလိုက်သည်...။"ကဲ ဒါဆိုလည်း အစည်းအဝေးစကြတာပေါ့"
.............
ဟင်းး အင်းးး!!
ညဉ်းသံနဲ့အတူ TAE တစ်ယောက်နိုးထလာခဲ့သည်...။
မနေ့ကနာရီအတော်ကြာ ပင်ပန်းထားတော့
TAE ခဗျာကိုယ်လက်ကိုက်ခဲကာ နုန်းနေသည်။