Part -1

12 0 0
                                    

2010 ခုနစ် ၆ လပိုင်း

  မိုးသားကင်းစင်နေတဲ့ မနက်ခင်းလေးတစ်ခုမှာ လွင်ပြင်ဦးတစ်ယောက် အိပ်မှုန်စုတ်ဖွားနဲ့ ကျောင်းတော်ကြီးကို လျှောက်လှမ်းလာပါတော့သည်။
၆ လပိုင်း ဖြစ်နေသောကြောင့် မိုးရာသီအဝင်လေး ဖြစ်သော်ငြားလည်း ကျောင်းစတက်ရတဲ့ ဒီနေ့လေးက သာယာနေသည်။ သို့သော်ငြားလည်း စိတ်ထဲ မသာယာနိုင်သည်မှာ လွင်ပြင်တစ်ယောက်သာ ရှိနေသည်။

အမှန်တော့ ဒီနေ့ လွင်ပြင် ၈ တန်း စတက်ရမယ့် နေ့တစ်နေ့ဖြစ်၏။ ယခင်နှစ်တွေတုန်းက ကျောင်းတက်ရမည်ဆိုပါက အိမ်က အမေကိုတောင် မနှုတ်ဆက်ပဲ ကော့ကော့နဲ့ ကျောင်းသွားနေကျပင်။ သို့သော် ယခုနှစ်ကတော့ ထူးခြားနေသည်။ ကျောင်းသွားရမှာကို မပျော်ရွှင်ပေ။ အကြောင်းကား လွင်ပြင်တစ်ယောက် အရင်နှစ် အခန်းထက် အခုနှစ်တွင် အခန်းကျသွားခြင်းသာ ဖြစ်သည်။ အခန်းကျသွားသည်ဟု ဆိုသော်လည်း အများကြီး ကျသွားသလားဆိုတော့ အဲလိုလည်း မဟုတ်။ ယခုနှစ်တွေ S ခန်း မရတော့ဘဲ A ခန်းသာ ရသောကြောင့် ဖြစ်သည်။ တနည်းအားဖြင့် လွင်ပြင်သည် စာတော်သော ကျောင်းသားတစ်ယောက် ဖြစ်သည်။ အခုလည်း အခန်းကျသွားတာ အများကြီး ကျသွားလို့ စိတ်ဓာတ်ကျနေတာ မဟုတ် သူငယ်ချင်းတွေနဲ့ အခန်းမတူသောကြောင့် ဖြစ်သည်။

ကျောင်းကားကြီးက တဖြည်းဖြည်းနဲ့ ကျောင်းကို နီးကပ်လာပါတော့သည်။ လွင်ပြင် ကျောင်းကို ရောက်တော့ ပျင်းရိပျင်းရိနဲ့ ဝင်လာတော့သည်။ သို့သော် လွင်ပြင်တို့ ၈ တန်းဆောင် A ခန်းသည် အဝေးကြီးတွေ ရှိနေသည် မဟုတ်၊ ကျောင်းဂိတ်ပေါက်ဝနဲ့ အနီးဆုံး အဆောင်သာ ဖြစ်သည်။
' ဟူး~~~ ငါ ဒီနှစ် ဘယ်သူနဲ့ ပေါင်းရမှာ ဘာလိမ့်။ ဟိုကောင်တွေ အကုန်လုံးက S ခန်းမှာ။ ငါကျတော့ A ခန်းရောက်တယ်။ ငါ စာမေးပွဲလည်း ကောင်းကောင်း ဖြေနိုင်ရဲ့သားနဲ့ကွာ။ တစ်ခုတော့ ကောင်းတာပေါ့။ ကျောင်းပေါက်ဝနဲ့ နီးတော့ လမ်းလျှောက်ရ သက်သာတာပေါ့။ မို့ဆို ကုန်းကြီးကို ဆင်းနေတာဦးမယ်။ အယ် မဟုတ်ပါဘူး။ မုန့်စျေးတန်းက အောက်မှာပဲ။ ဟာကွာ ဘယ်လိုပဲ ဖြစ်ဖြစ် အဲ ကုန်းကြီးကို ဆင်ရးလိုက် တက်လိုက် လုပ်ရဦးမှာ'

Crush On youWhere stories live. Discover now