Part-2

2 0 0
                                    

ဒီလိုနဲ့ လွင်ပြင်တစ်ယောက် အခန်းသစ်မှာ ကျင့်သားရပြီး သူငယ်ချင်းသစ်တွေနဲ့ အသားကျခဲ့တာ ရက်သတ်ပတ် ကြာမြင့်ခဲ့ပြီ။ စာသင်လိုက် သူငယ်ချင်းတွေနဲ့ စလိုက်နောက်လိုက် မုန့်စျေးတန်းသွားရင် ကျောင်းက ကုန်းကြီးကို ဆင်းလိုက် တက်လိုက်နဲ့ ပျော်ပျော်ကြီး ကျောင်းပျော်နေတော့သည်။ ဒီလို တည်ငြိမ်နေသော ကျောင်းသားဘဝလေးကို ကန်ပြင်ထဲ ခဲပစ်လိုက်သလို လှိုင်းထသွားတဲ့ အဖြစ်အပျက် တစ်ခုက အမှတ်မထင်ဘဲ ရောက်ကျလာခဲ့သည်။

" ကလေးတို့ ဒီနှစ် ကျောင်းလှုပ်ရှားမှု တစ်ခုအဖြစ်နဲ့ ကိုယ့် အဖွဲ့နဲ့ ကိုယ် ပြဇာတ်ကရမယ်။ ပြဇာတ်ကတော့ အခြားတော့ မဟုတ်။ မဟော်သဓာဇာတ်ထဲက လည်ရွဲခိုးမှု ကို ပြဇာတ်အနေနဲ့ ကရမယ်"
မြန်မာစာ ဆရာမက ပြဇာတ်အကြောင်း ပြောလိုက်တာနဲ့ အတန်းထဲက တစ်ယောက်တစ်ပေါက်နဲ့ အသံပေါင်းစုံ ထွက်လာကြသည်။ လွင်ပြင်တို့လည်း ဟာ~ ဟင်တွေ ဖြစ်ကုန်ကြတာပေါ့~

" တိတ်တိတ်နေစမ်း" ဆရာမက အတန်းက လူတွေကို တိတ်အောင် လုပ်လိုက်လေသည်။
" အဖွဲ့က ကိုယ် ကြိုက်တဲ့လူဖွဲ့လို့ရတယ်။ တစ်ဖွဲ့မှာ လေးယောက်ပါရမယ်။ ပြီးတော့ မဟော်သဓာထဲက စာသားတွေ အလွတ်ကျက်ရမယ်နော်။ ပြီးတော့ အမှတ်ပေးတာက အတန်းထဲက လူတွေအကုန် vote ပေးရမယ်။ အဲနေ့ ကျောင်းပျက်မယ်လို့ စဉ်းစားထားတဲ့ သူတွေ နောက်နေ့ ကျောင်းတက်ရင် အသေပဲ။ ကြားလား။ ရှင်းတယ်နော်။"
အဲလို ပြောပြီး အိမ်စာပေးကား ဆရာမ ထွက်သွားတော့သည်။ အတန်းထဲက ကျောင်းသားကျောင်းသူတွေက ပွစိပွစိနဲ့ ကျန်ခဲ့ကြသည်။
လွင်ပြင်တို့အဖွဲ့ကလည်း ငြီးတွားနေတော့သည်။
"ဟာ~ ချယ်ကလည်း အတန်းတွေလူ ရှေ့မှာ ပြဇာတ်ကြီးတဲ့လား။ ဘယ်လိုလုပ်ရမလဲ။"
လွင်ပြင်တစ်ယောက် ငြီးတွားနေလိုက်သည်။
"ဟဲ့ကောင် ဘယ်လိုဖြစ်ဖြစ် ဆရာမက ကိုယ်ကြိုက်တဲ့လူ အဖွဲ့ ဖွဲ့လို့ရတယ်လို့ ပြောတယ်မလား။ ငါတို့ လေးယောက် တစ်ဖွဲ့ ဖွဲ့လို့ရပြီလေ။" ခန့်သူက ပြောတော့
"အေး~ အဲတာလည်း အဆင်ပြေတာပဲ။ လွင်ပြင် မင်းက စာတော်တော့ ကျက်အားကောင်းတယ်။ အဲတာ စကားတွေ အများကြီး ပြောရတဲ့ မဟော်သဓာ လုပ်" ထူးနိုင်က ဝင်ပြောလေသည်။
" ထူးနိုင်~ မင်းကလည်း ဘာမှ မဆိုင်ဘူး"
"လွင်ပြင်ရယ် လုပ်ပါကွာ~ ငါတို့က ဘယ်လိုမှ မှတ်မိမှာ မဟုတ်ဘူး။ မင်းက ဘယ်လိုဖြစ်ဖြစ် မှတ်မိတယ်လေနော်။ ကူညီပါကွာ ချစ်သူငယ်ချင်းရာ ~~" ကောင်းဆက်ကပါ ပြောတော့ လွင်ပြင်လည်း ဘာမှ မတက်နိုင်ဘဲ လက်ခံလိုက်တော့သည်။
ဒီလိုနဲ့ ပြဇာတ်အတွက် ကျင့်လိုက် အတန်းတွေ တက်လိုက်နဲ့ ကုန်ဆုံးခဲ့တာ နောက်ဆုံးတော့ ပြဇာတ်ကရမယ့် နေ့ကြီးကို ဆိုက်ရောက်လာခဲ့သည်။

You've reached the end of published parts.

⏰ Last updated: May 25, 2023 ⏰

Add this story to your Library to get notified about new parts!

Crush On youWhere stories live. Discover now