Begining

20 1 0
                                    

2022 ခုနစ် နွေရာသီ

Myanmar Plaza က Gloria Jean's Coffee shop လေးမှာ မိုးပြာရောင် hoodie ၊ ဂျင်း အနက်ရောင်လေး တွဲဝတ်ထားပြီး အရှေ့မှာ ice Americano လေးကို အရသာခံသောက်နေတဲ့ ကောင်လေးကို လူတော်တော်များများကလည်း လှမ်းကြည့်နေကြသည်။ ကောင်လေးကတော့ တစ်ယောက်ယောက်ကို စောင့်နေတဲ့ ပုံစံမျိုးနဲ့ နှုတ်ခမ်းဖူးဖူးလေးကလည်း ရှေ့သို့ ထွက်သယောင် ဖြစ်နေသည်။ အချိန်ကိုက် စားပွဲတင်ထားတဲ့ ဖုန်းဆီကနေ lucky သီချင်းလေးနဲ့ ဖုန်းသံလေးလာတော့ စခရင်ကို လှမ်းကြည့်မိလိုက်သည်။ စခရင်ပေါ်က ပေါ်လာတဲ့ My ❤️ ဆိုတဲ့ contact name လေးတော့ စူထွက်နေတဲ့ နှုတ်ခမ်းလေးဆီက အပြုံးလေး ပွင့်လာခဲ့သည်။ ဒီ လူသားသည် သူ့အား နာမည်လေး မြင်ရုံနဲ့ ပြုံးအောင် လုပ်ဆောင်နိုင်တဲ့ တစ်ဦးတည်းသော လူသား။ အမှန် သူ့အကြောင်း စဉ်းစားရုံနဲ့ တနေကုန် ပြုံးရယ်နိုင်အောင် လုပ်နိုင်စွမ်း ရှိသည်။ သူ့ကို စောင့်ခိုင်းရမည် စိုးသဖြင့် လွင်ပြင် ချက်ချင်း ဖုန်းကိုင်လိုက်သည်။
"ဟယ်လို။ ပိုင် ဘယ်ရောက်ပြီလဲ"
"အွန်း၊ ကိုယ်ရောက်တော့မယ်နော်။ ကော်ဖီ ဆိုင်မှာပဲ မလား"
" ဟုတ်တယ်။ ဖြည်းဖြည်းလာနော်။ ပိုင်
ကားလည်း ဂရုစိုက်မောင်းဦး"
" ဟုတ်ကဲ့ပါ။ ကိုယ့်ကလေးလေးရယ်။ စောင့်နေနော်"

ကိုယ့်ကလေးလေးဆိုတဲ့ နာမ်စားလေး ကြားလိုက်တာနဲ့ လွင်ပြင်ပါးလေးက ရဲတတ်သွားသည်။ သူသာ အနားမှာ ရှိကြည့်ပါလား။ လွင်ပြင်ကို စလို့ ပြီးတော့မည် မဟုတ်။ လွင်ပြင်လည်း ရှက်ရှက်နဲ့ ဖုန်းလေး ချပြစ်လိုက်တယ်။
ပြီးတော့ ကိုယ့်ပါးလေး ကိုယ်ကိုင်ကာ အတွေးထဲ နစ်မြောနေလိုက်သည်။

  လွင်ပြင် နဲ့ ပိုင်သည် ချစ်သူအဆင့်သို့ ရောက်ရှိသည်မှာ မကြာသေးချေ။ ထို့ကြောင့် ကလေးလေးဆိုတဲ့ အခေါ်အဝေါ်တွေနဲ့ အခုထိ အသားမကျသေး။ အခုထိ လွင်ပြင်တစ်ယောက် ပိုင်ကို တွေ့လျှင် ရင်ခုန်နေဆဲပေ။ လွင်ပြင် အကြာကြီး စောင့်စားခဲ့ရသူ ဖြစ်သည့်အလား လွင်ပြင်ဘက်က အခုထိပင် သူတို့နှစ်ယောက် ချစ်သူတွေဆိုတာ မယုံကြည်နိုင်သေးချေ။

  လွင်ပြင်က ပိုင့်ကို တစ်ဖတ်သတ်ချစ်ခဲ့ရတာ ၁၀ နှစ်ကျော် ကြာခဲ့ပြီ။ သူတို့နှစ်ယောက်က အထက်တန်းကျောင်းတူတူ တက်ခဲ့ရသော သူများပင် ဖြစ်သည်။ ထူးဆန်းသည်မှာ အထက်တန်းကျောင်းသားဘဝတုန်းက သူ့တို့နှစ်ယောက် စကားကို လေးလုံးကွဲအောင် မပြောဖူးချေ။ ထို့အပြင် ပိုမို ထူးဆန်းသည်မှာ အထက်တန်းကျောင်းတုန်းက မရင်းနှီးခဲ့ပဲ ကျောင်းပြီးတော့မှသာလျှင် စကားပြောဖူးတော့သည်။

  လွင်ပြင်နဲ့ ပိုင်တို့၏ အချစ် ဇာတ်လမ်းကို ပြောရမည်ဆိုပါက အထက်တန်းကျောင်းသားဘဝအား ပြန်လည် တမ်းတရတော့မည် ဖြစ်သည်။

to be Continued 💕💕💕

Crush On youWhere stories live. Discover now