အချိန်ကား ည ဆယ့်နှစ်နာရီအတိ။"ဒီနေ့ သူဘာလို့ နောက်ကျနေရတာလဲ? ဘာနေ့လဲဆိုတာကိုသူ မသိဘူးလား"
'ဂျောက်!'
ပွင့်ဟ လာသော တံခါးချပ်လေး နောက်တွင်ကိုယ်ငယ်လေး တစ်ခု ပေါ်လာတယ်။
ထိုသူက တံခါးကို ဖွဖွလေးပိတ်လိုက်တယ်။
ပြီးနောက် အိမ် ပေါ်သို့ တက်ဖို့ လုပ်တော့တယ်။"ပြန်လာပြီလား?"
ကျွန်တော့် အသံကြားတော့ သူက လှည့်ကြည့်ပြီး
"အင်း ခင်ဗျားက ဘာလုပ်နေတာလဲ"
"မင်း ကို စောင့်နေတာ"
ထိုစကားကို ကြားတော့ ထိုကောင်လေးက ပြုံးတယ် ဒါပေမယ့် ခနဲ့ပြုံး!
ထားပါတော့။မသိတာပဲကောင်းတယ်။
ရှောင်းကျန့် ထိုသူနဲ့ စကားပြောပြီး ပြန်တက်ဖို့လုပ်တော့ ထိုကောင်လေးက လှမ်းပြောတယ်။
"happy birthday ရှောင်းကျန့်!"
ရှောင်းကျန့် အိမ်ပေါ်ကို တက်ဖို့ပြင်နေတဲ့ ခြေလှမ်းများက တိခနဲ ရပ်တန့်သွားတယ်။
အို သိနေတာပဲ။ သိရက်နဲ့ နောက်ကျနေတာလား?
ရှောင်းကျန့်က လက်မှာပတ်ထားတဲ့ နာရီကိုကြည့်ပြီး ပြုံးလိုက်တယ်။ပြီးနောက်
"ကျေးဇူးတင်ပါတယ် ဝမ်ရိပေါ်။ ဒါပေမယ့် 12:15 ဖြစ်သွားပီလေ။ 6 ရက်နေ့ကို ကူးသွားပီ။"
ရှောင်းကျန့် ထိုကောင်လေးဘက်ကို မလှည့်ပဲလှမ်းပြောလိုက်တယ်။
"အင်း"
ထိုကောင်လေးရဲ့ တုံ့ပြန်မှုက ဒါပါပဲ။
ခင်ဗျားတို့သိလား? သူက အမြဲပြောတယ်။
*ခင်ဗျားဆိုတဲ့ ရှောင်းကျန့်နဲ့ ကျွန်တော်ဆိုတဲ့ဝမ်ရိပေါ်က အစထဲကကို မတွေ့ခဲ့ရမှာ*
တဲ့။07:00AM
တီတီ!
alarm ပေးထားတဲ့ ဖုန်းလေးက တုန်ခါမှုလေးဖြစ်လာသည်။
ပြတင်းပေါက်ကနေ ထိုးဝင်လာတဲ့နေရောင်ကလည်း ဝမ်ရိပေါ်ရဲ့ မျက်နှာတည့်တည့်ကိုပင်။

YOU ARE READING
Ta Shuo! [COMPLETE]
FanfictionBJYX MYANMAR FANFICTION [This is just work of fiction] 3rd time complete CHAPTER- 12 [Ended] Introduction 19 oct 2021 Conclusion 15 Nov 2021