CHAPTER-7

3.5K 327 11
                                    


"အား နာတယ်ဗျ ခင်ဗျားအသားမဟုတ်တိုင်းမညှာမတာ အား!"

ဆေးထည့်ပေးနေတာကို ပွစိပွစိ လုပ်နေတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့် ခေါင်းရမ်းမိသည်။

"‌ရန်ဖြစ်တုန်းက မနာဘူးလား?"

"အဲ့တာကတော့ ဖြစ်နေတုန်းက သွေးဆူနေတာကို!"

"ဘာကြောင့် ဖြစ်ရတာလဲ ရိပေါ် ဒီတစ်ခေါက်ဖြစ်တာကိုကြည့်ဦး စုတ်ပြတ်နေတာပဲ!"

ရိပေါ်ရဲ့ မျက်နှာနုနုလေးကို လက်သွယ်သွယ်လေးနဲ့ကိုင်ပြီး တိုးတိုးလေးပြောတယ်။
အရည်ကြည်လဲ့နေတဲ့ မျက်ဝန်းလေးနဲ့အတူပေါ့။

"ဘာမှ မဟုတ်ပါဘူး! ဒီအတိုင်းပါပဲ!"

"ဝမ်ရိပေါ် မင်းက ဒီအတိုင်း ဘာမှမဟုတ် ပဲနဲ့တောင် ရန်ဖြစ်တတ်နေပြီလား?"

"ကျွန်တော့်ကို မအော်နဲ့! ခင်ဗျားမလုပ်ပေးချင်လည်း ထားလိုက်တော့ တာဝန်အရလုပ်ပေးရတာ ဘာညာဆိုရင်လည်း လစ်တော့!"

ဝမ်ရိပေါ်က သူ့မျက်နှာပေါ်က ရှောင်းကျန့်လက်ကို အားနဲ့ရိုက်ထုတ်ပြီးပြောလိုက်တယ်။

" မဟုတ်ဘူး ငါဆိုလိုတာက မင်းက အရင်ကဆို တစ်ခါပဲ ဖြစ်ခဲ့ဖူးတာလေ အဲ့တုန်းကလည်း ဟန်ယုဟွာကြောင့်လေ"

" ကျစ်! ခင်ဗျားမဆိုင်တဲ့သူကို ဆွဲထည့်မနေနဲ့ တော်တော့ စိတ်မပါဘူး မလား မလုပ်နဲ့ရတယ် ဒီလောက်ဒဏ်ရာလေးနဲ့တော့ ကျွန်တော် မသေသွားဘူး!"

မဆိုင်တဲ့သူလား? သူမ ကို အထိခိုက်မခံ စေချင်တုန်းလား? မင်းက တကယ်မပြောင်းလဲဘူး! ရတယ် နောက်ထပ် ငါ‌တို့တွေ့ရမှာ ဘယ်နှရက်မို့လို့လဲ?

တီတီ!

ရုတ်တရက် တုန်ခါလာတဲ့ ဖုန်းကြောင့် ရှောင်းကျန့် အနည်းငယ်ကြည့်လိုက်မိသည်။

ယုဟွာတဲ့။

ရိပေါ်က ဖုန်းကို ယူပြီး ဝရံတာ ဘက် ထွက်ပြောတယ်။

"ဘာဖြစ်လို့ ဖုန်းဆက်တာလဲ ပြော?"

"ရိပေါ်! ငါတို့ နောက်ဆုံးအကြိမ်တွေ့ကြရအောင် ငါတို့နောက်ဆုံးတွေ့ခဲ့တဲ့ နေရာလေးမှာပေါ့"

Ta Shuo! [COMPLETE]Where stories live. Discover now