-Conclusion-

5.5K 289 9
                                    


ညချမ်းအေးအေးလေးရဲ့ လရောင်အောက်မှာ
ကောင်လေးနှစ်ယောက်ထိုင်နေကြသည်။
ထိုနေရာကြီးက တိတ်ဆိတ်လွန်းတယ်ဆိုတာထက်ပိုတယ်။

"ကျွန်တော် ပြိုင်ပွဲအတွက် လေ့ကျင့်ရအုံးမှာ!"

တစ်ချိန်လုံးတိတ်ဆိတ်နေမှူကြီးကို ရိပေါ်ဖြိုခွင်းမိလိုက်သည်။

"ဒါပေမဲ့ မင်းခြေထောက်က အဆင်မပြေသေးဘူးမလား?"

"ကျွန် တော် အ ဆင် ပြေ တယ်"

"ရိပေါ် မင်း.."

"ကျွန်တော် နိုင်အောင်ပြိုင်မှာမို့ ပေးထားတဲ့ကတိတည်ပေးနိုင်မလား?"

ပြောနေရင်းကျွန်တော့်အသံတွေက ငိုသံသဲ့သဲ့လေး စွတ်လာတယ်။ ယောင်္ကျားလေးဖြစ်ပြီး ပျော့ညံ့လိုက်တာနော်။

"မင်း မနိုင်လည်း ကတိတည်မှာမို့ မပြိုင်လို့မရဘူးလား?"

ရိပေါ် ခံစားချက်ကင်းမဲ့စွာ ရယ်လိုက်ပြီး

" ခင်ဗျားတည်မှာ မဟုတ်ပါဘူး! ဒါပေမဲ့  
ကျွန်တော် နိုင်ရင်တော့ တည်ကိုတည်ရမှာ!"

"ရိပေါ် ငါ..."

"အဆင်ပြေရဲ့လား?"
ကျွန်တော် မရှိတဲ့နေရာမှာ?

ထိုအခါ ရှောင်းကျန့်က အလှဆုံးပြုံးလိုက်ပြီးပြောတယ်။

"အင်း မင်းမရှိတဲ့ငါ့ဘဝကြီးက အေးချမ်းပြီးပျော်ဖို့ကောင်းတယ် အခုလို ညလေ လေးတဖြူးဖြူးတိုက်ခတ်နေသလိုမျိုးပေါ့"

ထိုစကားအဆုံး ဝမ်ရိပေါ်ရဲ့ ဟက်ခနဲ ရယ်တဲ့ ရယ်သံကြီးက ကြီးစိုးသွားတယ်။
ကျွန်တော် ပြိုင်ပွဲတောင် ဝင်မပြိုင်သင့်တော့ဘူးထင်ပါရဲ့!

ရိပေါ်က ရှောင်းကျန့်ရဲ့ တခြားတဖက်ကို ကျောခိုင်းကာ လှည့်သွားပြီး

"ဒါဆိုလည်း ပျော်ရွင်စွာနေခဲ့တော့ "

ရိပေါ်က ပြောပြီး အရှေ့ကိုထော့နဲ့ထော့နဲ့ ဖြင့်သွားတုန်း နောက်က ရှောင်းကျန့်ရဲ့ စကားသံအေးအေးလေးက လေပြေလေအေးလေးတွေနဲ့အတူပြန်ပါလာတယ်။

"ရိပေါ် မင်း သိလား?"

'..'

"မင်းမရှိတဲ့ ကမ္ဘာက ပျော်ဖို့ကောင်းတယ်!
ဒါပေမယ့်....ပျော်ရွှင်ပြီး အေးချမ်းနေတဲ့ခံစားချက်ကြီးကို မကြိုက်ဘူး!"

Ta Shuo! [COMPLETE]Where stories live. Discover now