ဒီနေ့..မီလန်ရဲ့..ရာသီဥတုက အတော်ပင်သာယာလျက်ရှိသည်....
ချစ်သူမောင်နံစုံတွဲများ..ချစ်ကြည်နူးဖို့ပင်..ရာသီဥတုက ကိုယ့်ဘက်ပါနေသလားဟု..ထင်ရလောက်အောင်ပင်...အေးချမ်းသာယာလွန်းလှသည်....."ဒီနေ့...ကျန့်ကောကို..ကျွန်တော်နဲ့ပေးနေဖို့..မားဆီက..ဒုတိယအကြိမ်..ခွင့်တောင်းလာတောင်းခြင်းပါ..ဒါပေမဲ့..ဒီတစ်ခေါက်ကတော့..ကျွန်တော့်အမျိုးသားလေးအနေနဲ့ပေါ့"
ယောက်ျားတောင်းဖို့..ရာသီဥတုကိုယ့်ဘက်ပါတဲ့ နေ့တစ်နေ့လေးပေါ့..အဟက်....
မားက..သိတဲ့အတိုင်း..ကြည်ဖြူပြီးသားမို့...ထွေထူးပြောနေစရာမလိုပေ...
ဟိုမှာလိုက်နေဖို့..လိုအပ်တဲ့ပစ္စည်းတွေသာ..ကျန့်ကော အခန်းထဲတွင်..လိုက်ကူသိမ်းပေး..ကူထည့်ပေးကာ အလုပ်ရှုပ်ရန်သာရှိသည်...
"သား..ရိပေါ်..မားနဲ့ ခဏလိုက်ခဲ့ ပြစရာရှိတယ်"
"မားကလဲ...ဒီမှာသားနဲ့ အထုတ်ကူသိမ်းနေတာကို..ဘာပြမလို့လဲ"
ရှောင်းကျန့်...အဝတ်တွေသိမ်းရင်းဝင်ပြောလိုက်သည်..
stylistတစ်ယောက်ဖြစ်သည့်အလျောက်....သိမ်းစရာ ပစ္စည်းအတိုအစများလဲ..များလှသည်..
သို့သော်တမိုးအောက်..ဝမ်ရိပေါ်ခမျာ..မညီးညူရှာ..သူ့ကောကော ပစ္စည်းများအား...ကူထည့်ပေးရှာသည်....ထို့ပြင်..မီလန်မှာ၃နှစ်နေခဲ့သည့် ကျွန်တော်က...ဘာမှရေရာမပြင်ဆင်ဖြစ်....ရောက်တာ၂ပတ်လောက်ပဲရှိသေးတဲ့..လောင်ဝမ်ကတော့...အတူနေဖို့ အိမ်ပါဝယ်ပြီးနေပြီ...ခုလဲ..အဲ့အိမ်ပြောင်းဖို့..ကျွန်တော့်ပစ္စည်းတွေ..ကူသိမ်းပေးနေခြင်းပင်....
"မရှည်ပါနဲ့..ပြီးတော့မှာပဲ..ကိုယ့်ဟာကိုယ်ဆက်သိမ်း..ငါ ရိပေါ်ကို ခေါ်သွားမယ်...နင်နော်...ခုထဲက..ငါ့သားလေးကို မခိုင်းစားနဲ့"
အမလေးဗျာ...သူမွေးထားတာ..ကျွန်တော်ပါ..သားချင်းမှားနေတာလား...ခုထဲက..သူ့သားမက်ကို..မျက်နှာသာပေးနေပြီ...သွားပြီ..ငါတော့ ချောင်ထိုးခံလိုက်ရပြီ...
ဝမ်ရိပေါ်ကတော့...သဘောကျကာ..ဟက်ဟက်ပက်ပက်ရယ်၍ မားနောက်ကို ပါသွားလေသည်....
YOU ARE READING
My Super Duper Stylist( Completed)
FanfictionYizhan fan fic💘 ကိုယ့် ကိုယ်ပိုင်စိတ်ကူးဖြင့် ပုံဖော်ရေးသားသောကြောင့် ကိုယ့်စိတ်ကူးအတိုင်း လိုက်ပါမျောလွင့်ကာ ဖတ်နိုင်ပါသည် *သတိ* Roတာကြိုက်သူများ ဖတ်သင့်သည်😛 Yizhan fan fic💘 ကိုယ့် ကိုယ်ပိုင်စိတ်ကူးဖြင့် ပုံဖော်ရေးသားသောကြောင့် ကိုယ့်စိတ်ကူးအတို...