18(ထားရက်ခဲ့လေသလား💔)

1.2K 85 5
                                    

"တီး..တောင်...တီး...တောင်"

နာရီကြည့်လိုက်တော့ မနက်၅နာရီ...

ဟာကွာ...ဒီချိန်ကြီး..ဘယ်သူ ဘဲလ်လာတီးနေတာလဲ..
ကျန်းဝေ အိပ်မှုံစုံဝါးဖြင့်...စိတ်ပျက်စွာ ထလာသည်...

တံခါးဖွင့်ကြည့်တော့

"ဟင်...ရှောင်းကျန့်"

မနက်အစောကြီး...ဒီတစ်ယောက်ဘာလာလုပ်တာပါလိမ့်..

ရှောင်းကျန့်ကတော့...တည်တည်ငြိမ်ငြိမ်ပင် ပြုံးပြီး နှုတ်ဆက်သည်....

လက်ထဲမှာလဲ...Luggageနဲ့ လက်ဆွဲအိတ် အချို့....

ကျန်းဝေလဲ အိပ်ချင်မူးတူးဖြင့်...အံ့ဩစွာ...

"ဟျောင့်...မနက်စောစီး...အထုတ်အပိုးတွေနဲ့ဘာတွေလဲ"

"ငါ့ကို..အထဲပေးဝင်ဦး"

အေးဆေးတည်ငြိမ်စွာ ပြောလိုက်တဲ့...ရှောင်းကျန့် စကားသံကြောင်...ကျန်းဝေ ရင်ထိတ်သွားရသည်...

ဘာလဲ...တစ်ခုခုတော့...တစ်ခုခုပဲ...

"ပြောပါဦး...အထုတ်တွေ အပိုးတွေနဲ့..ဘာဖြစ်လာတာလဲ"

ရှောင်းကျန့်...မျက်နှာ မှာ တည်ငြိမ်နေပေမဲ့..... တော်တော်ကို ချောင်ကျကာ...တစ်ခုခုဖြစ်ထားသလိုပင်...မျက်လုံးတွေလဲ အစ်နေသည်...

ရင်တွေထိတ်လိုက်တာ....

"ငါ...အီတလီကို သွားတော့မယ်...ကျန်းဝေ"

"ဘာ!!!!!!"

အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျန်းဝေရဲ့ မျက်လုံးအစုံမှာ...360' အတိ ကျယ်လာကာ....

"ဟမ်...ဘယ်လိုဘယ်လို...ရှောင်းကျန့်..ပြန်ပြောစမ်း"

"ငါ...အီတလီသွားတော့မယ်လို့"

ကျန်းဝေ မယုံနိုင်သလို...တချိန်ထဲမှာပင်..ဒေါသထွက်လာသည်......

"မင်း...ဘာတွေလျှောက်လုပ်နေတာလဲ...ရှောင်းကျန့်"

"ကျန်းဝေ...ငါဆုံးဖြတ်ပြီးပြီ...မား ကလဲ တခါထဲ ငါနဲ့ လိုက်ခဲ့မယ်တဲ့...ဒီက အိမ်နဲ့ ဆိုင်ကို...ငါ့ အဒေါ်ကို ရောင်းခိုင်းခဲ့တယ်...ငါတို့ ပြန်လာဖြစ်ချင်မှ ပြန်လာဖြစ်တော့မယ်"

My Super Duper Stylist( Completed)Where stories live. Discover now