12 (ဇာတ်လမ်းတိုင်းမှာတော့ ဂြိုဟ်ဆိုးမက ပါစမြဲ😏)

2.5K 232 3
                                    

"ကျန့်ကော"

နောက်ကနေ အသံကုန်ဟစ်ကာ အော်ခေါ်လိုက်သော ဝမ်ရိပေါ် အသံကြောင့် ရှောင်းကျန့် လန့်သွားသည်..

ဟင်..ဘာလဲဟ..ဒီကောင်လေး...

"ကျန့်ကော...ဘာလုပ်နေတာလဲ"

"ဘာမှ မလုပ်ဖူးလေ...ဒီ sceneပီးရင် ဝတ်ဖို့ outfit ပြင်ပေးနေတာ"

"မရဖူး..ကျန့်ကော..အနားမှာပဲနေ"

အွမ်...ဘာလားဟ... DDU shooting staffများ ကြားထဲတွင် လာချွဲနေသော... ဝမ်ရိပေါ်ပါပဲ....

"လောင်ဝမ်... ဘာဖြစ်နေတာလဲ...လူတွေကြားထဲမှာ"

ရှောင်းကျန့် အတွက် အနေရခက်စေသည်...လူတွေ ရိပ်မိသွားရင်လဲ..ဝမ်ရိပေါ် အတွက် အဆင်မပြေနိုင်ပေ....

"အာ..မရဖူး...အနားမှာ နေပေးပါဆို"

"ရိပေါ်...ဘာဖြစ်နေတာလဲလို့"

ရှောင်းကျန့် အသံကို မြှင့်ကာ ပြောလိုက်သည်...

ထိုစဉ်...အနားကို ရုတ်တရက် မိန်းကလေး တစ်ယောက်ရောက်လာသည်

"ရိပေါ်...နင်က ဒီမှာကိုး...ငါရောက်နေတာတောင် နင်ကမနှုတ်ဆက်ဖူးလား...ဘာလဲ...ချေနေတာလား"

တည်ငြိမ်အေးဆေးသလိုနဲ့ ဘုဆတ်ဆတ်ပြောသော အသံကြောင့် ရှောင်းကျန့် ထိုမိန်းကလေး ကို ကြည့်လိုက်မိသည်...

ဟမ်...ကျောက်ယွိဖေး....

ကျောက်ယွိဖေးဆိုသည်မှာလဲ နယ်နယ်ရရမဟုတ် တ ရုတ်နိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင် မင်းသမီး အကျော်အမော် တစ်ဦး.....
ဝမ်ရိပေါ်ရဲ့ ပွဲဦးထွက် ဇာတ်လမ်းတွဲကို ထိုမင်းသမီးနှင့် တွဲဖက်သရုပ်ဆောင်ခဲ့တာ ဖြစ်ပြီး.....တွဲဖက်ညီပြီး လိုက်ဖက်လွန်းလို့...တချို့ ပရိသတ်များက shipပင် shipကြသေးသည်..... သို့သော် ဝမ်ချေချေ​၏ ခပ်တန်းတန်းနေမှုများကြောင့် shipperတစ်အုပ် ငြိမ်ခဲ့ခြင်းပင်ဖြစ်သည်...

ဝမ်ရိပေါ်ကို ကြည့်လိုက်တော့...မသိသလို မသိချင်ယောင်ဆောင်နေသည်....
ရှောင်းကျန့်ကပင်...ကြားထဲက...
"အားယား...ရိပေါ် ဘာလုပ်နေတာလဲ...မင်းကို လာနှုတ်ဆက်နေတာလေ...နှုတ်ပြန်ဆက်လိုက်လေ"

ပြောပြောဆိုဆိုနဲ့ပင်...
"ဟုတ်...မင်္ဂလာပါ..." ရှောင်းကျန့်ကပင် နှုတ်ဆက်လိုက်သည်...

My Super Duper Stylist( Completed)Where stories live. Discover now