ရှားလော့နဲ့လီယမ်တို့ကိုခဏနားပြီး
လူးဝစ်လေးနဲ့ ဒက်ဒီဟုမ်း တို့ဘက်ခဏလှည့်မယ်နော် ^^**********************
Unicode!!!ဗြိတိန်အင်ပါယာ လန်ဒန်မြို့မှာ တော့ လူတွေက တစ်ခုခုကိုအကြိတ်အနယ်ဆွေးနွေးနေကြလေတယ်
"ငါတို့ရှေ့ကဖြတ်သွားတဲ့ မြင်းလှည်းတွေ့တယ်မလား အဲ့ဒါက မိုက်ခရော့ ဟုမ်းရဲ့လှည်းပဲ"
"ဟုမ်းဆို ငါတို့ရဲ့ စုံထောက်ကြီး ရှားလော့ရဲ့အစ်ကိုမလား "
"သေချာတာပေါ့ သူလည်းသနားစရာပဲ
တစ်ဦးတည်းသော ညီသေတာမှမကြာသေးဘူး ခုလည်းဘုရင်မရဲ့အလုပ်တွေကိုအကုန်တာဝန်ယူနေရပြန်ပြီ""အဲ့ဒါ ရာဇဝတ်အရှင် ရဲ့အရှုပ်ထုပ်တွေကြောင့်ပဲလေ "
အချိန်တွေက ဒီရေတွေလို အကုန်မြန်ပေမယ့်
လူသားတွေကတော့ စာအုပ်တစ်အုပ်ကိုဆို အဖုံးလောက်ပဲ မြင်တတ်တဲ့အကျင့်ကမပျောက်သေးပါလားခမ်းနားတဲ့လှည်းအတွင်းမှာထိုင်နေတဲ့ မိုက်ခရော့က ဒီလိုပဲတွေးမိလိုက်တယ် ။
"အရင်ကတော့ အထက်တန်းလွှာ တွေကိုမုန်းနေတဲ့လူတွေက အခုကျ ရာဇဝတ်အရှင် ကို
ထိုးနှက်ကြပြန်ပြီ
လောကကြီးက တကယ်ပဲကြောက်စရာပါပေတကား!အဲ့ဒီနောက်မှာ
သူ့အတွေးထဲ အတိတ်ကအရာတွေပါ တားဆီးမရပဲထပ်ဝင်လာပြန်တယ်"မိုက်ခီ ကျွန်တော်ကြီးလာရင် ပင်လယ်ဓားပြကြီးလုပ်မှာသိလား "
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က သူ့ကိုမြင်တိုင်း
ရယ်မောတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ပုံရိပ်တွေ
ထစ်ခနဲဆိုအငိုသန်တဲ့ကလေးတစ်ယောက်
ရဲ့ ငိုသံတွေ သူ့နဲ့တူတူ မိုက်မဲတဲ့ဉာဏ်စမ်းတွေ ဖြေရင်း ရန်ဖြစ်နေကျ တစ်ဦးတည်းသောညီငယ်
YOU ARE READING
ရာဇဝတ်အရှင်
FanfictionMoriarty the patriot anime/Mangaထဲမှcharacterများ၏ fanficသက်သက်သာဖြစ်ပါကြောင်း manga Lnက ဇာတ်လမ်းနှင့် မသက်ဆိုင်ပါ#