သကြားလုံးထက်ချိုမြိန်သော(smut)//

295 35 150
                                    

အပ်ပုဒိတ်လေးလာပါပီ ///💖

"ရှားလီ ကျွန်တော့်ကို ချီကြည့်ပါလား "

ဝီလီယမ် ဂျိမ်းစ် မော်ရီအာတီ ရဲ့ အဆက်အစပ်မရှိတဲ့ စကားတစ်ခွန်းကြောင့်
ရှားလော့ဟုမ်းရဲ့ ဘက်လက်က ကိုင်ထားတဲ့
ခွက်လေး ပြုတ်ကျပြီး အောက်မရောက်ခင်မှာ ညာလက်နဲ့ ပြန်ဖမ်းလိုက်ရတယ်။

လီမ်..မင်းဘာတွေကြံနေပြန်ပြီလဲ

သူတို့နှစ်ဦး နယူးရော့ မှာအခြေကျတာနှစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း လီယမ်က စတွေ့ထဲကလိုပဲ ပဟေဠိ တစ်ပုဒ်ကဲ့သ်ို့ ခန့်မှန်းရခက်တုန်းဖြစ်တယ်။

အခုလည်း သူ့ကျောဘက်က ထမင်းစားပွဲခုံလေးပေါ်မှာ လက်နှစ်ဘက်ဖြင့် မျက်နှာကိုထောက်ရင်း သူ့ကိုပြုံးစိစိဖြင့် ကြည့်နေတယ်။

ယုန်ဖြူလေးလိုဖြူစင်တယ်ထင်ရတဲ့အပြုံးနောက်က ကြက်သွေးနီရောင်မျက်ဝန်းတွေက
တစ်ခုခုကို သိချင်နေတယ်ဆိုတာ ရှားလော့ဟုမ်း အလိုလိုနေရင်းခံစားမိရပြန်တယ်။

အဟမ်း

သူမလုံမလဲနဲ့ချောင်းတစ်ချက်ဟန့်ရင်း

လီယမ် မင်းမနေ့က အမှုမှာ ထိခိုက်သွားလို့လား"

"မှန်းကြည့်လေ စုံထောက်ကြီး
ခင်ဗျားက ကျုပ်ရဲ့ပြိုင်ဘက်ပဲ"

သကြားလုံးထက်တောင်ချိုမြတဲ့ အသံကနေ
စိန်ခေါ်တဲ့အသံ ဖြင့် ဝီလီယမ်က သူ့မျက်နှာကိုစူးစူးရဲရဲစိုက်ကြည့်တယ်။

လေတဖြူးဖြူးတိုက်နေတဲ့ အခန်းထဲမှာတောင် ချွေးပဲပြန်ချင်သလိုလို အာခေါက်ပဲခြောက်ချင်လာသလိုလို ဖြစ်လာတာမလို့
သနားစရာစုံထောက်ကြီးခမျာ တံတွေးကိုအခါခါမျိုချမိရပြန်တယ်။

ဝီလိယမ် ဂျိမ်းစ် မော်ရီအာတီ က အဲ့ဒါကို
သတိထားမိသွားပုံပဲ
စားပွဲပေါ်က မေးထောက်လျက်သားပုံစံ ကနေ လက်ဝါးဖြင့် ပါးစပ်ကိုအုပ်ကာ
တခစ်ခစ်ရယ်တော့တယ်။

လီယမ်ဆီက ရယ်သံကြောင့်
သူခန္ဓာကိုယ်က သွေးတွေပြောင်းပြန်စီးသွားသလိုပင်။ သူ့နဲ့မလှမ်းမကမ်းက ရာဇဝတ်အရှင်က စက္ကန့် ပိုင်းလေးအတွင်းမှာ ချစ်စဖွယ်ကောင်းအောင် ပြုမူနေပြန်တယ်။

ရာဇဝတ်အရှင်Where stories live. Discover now