"ကျွိ....ဝူး.....ဝူး....."
"ဘာဖြစ်သွားတာလဲ ဘကြီးပန်...."
ရုတ်တရက် သွားနေတဲ့ ကားလေး ထိုးရပ်သွားတာ
ကြောင့် gulf ကားနောက်ခန်းမှ လှမ်းမေးလိုက်တယ်.."အင်း...ဘာဖြစ်သွားတာလဲ မသိဘူးလူလေးရယ်
ဘကြီးပန် ဆင်းကြည့်လိုက်မယ်..ခဏ..."ဘကြီးပန် ပြောရင်း ဆင်းသွားကာ ကားစက်ဖုံးကို
ဖွင့်ပီး ဟိုဟို ဒီဒီ စစ်ကြည့်နေတော့တယ်...."ဖောကလည်း ဘာဖြစ်လို့ ကားကို မစစ်
ပေးလိုက်လဲ မသိဘူး ဒီတိုင်းဆို သင်တန်းနောက်ကျ
တော့မှာဘဲ....."Gulf လက်က နာရီကို ငုံ့ကြည့်လိုက်ရင်း တယောက်
ထဲ ညည်းတွားလိုက်မိတယ်...."လူလေး...ကားက ဘာဖြစ်သွားမှန်း မသိဘူး ဘကြီးပန်
ကား service ကို ဖုန်းဆက်လိုက်မယ်...
လူလေး အိမ်က ကားတစီးကို လှမ်းခေါ်လိုက်ပါလား
မောင်သန့်တို့လည်း အားနေတာဘဲ....
လူလေး သင်တန်းနောက်ကျမှာစိုးလို့..."ဘကြီးပန်ပြောတာကို gulf တချက်စဥ်းစား လိုက်ပီး...
"နေ နေ ဘကြီးပန် ကျနော် Bus နဲ့ သွားလိုက်မယ်..
တစ်မှတ်တိုင် နှစ်မှတ်တိုင်ဆို ရောက်တော့မှာဘဲ...
မောင်သန့် တို့ကို ဒုက္ခ မပေးချင်တော့ဘူး....""ဟာ မဖြစ်ဘူး...လူလေး...တခါမှ Bus စီးဖူးတာလဲ
မဟုတ်ဘဲနဲ့ တခုခုဖြစ်ရင် မင်းရဲ့ ဖောက ဘကြီးကို
ဆူလိမ့်မယ်...
လိမ်မာပါတယ်...လူလေးရယ် အိမ်က ကားတစီးဘဲ
ခေါ်လိုက်ပါ....""ဟားဟား...ဘကြီးပန်ရယ် ကျနော် က ကလေးလေး
လည်း မဟုတ်တော့ဘူး....
မကြာခင်ဘဲ ကျောင်းပီးတော့မှာ ကျနော်လည်း သွား
ကြည့်ချင်လို့ နော်...
ဘကြီးပန် မပြောရင် ဖော မသိပါဘူး....
သွားပီနော်..."ပြောရင်း ဆိုရင်း ကျောပိုးအိတ်လေး လွယ်ကာ ပြေး
ထွက်သွားပီးမှ ပြန်လှည့်ပြေးလာကာ....."ဒါနဲ့ ဘကြီးပန် ကားခ က ဘာနဲ့ ပေးရတာလဲ ပိုက်ဆံဘဲ
လား....""အော်...ဟားဟား...ရော့ ဘကြီးရဲ့ ကဒ်ယူသွား
အဲ့ဒါလေး နဲ့ ဖြတ်လိုက်..."
YOU ARE READING
Behind Of The Light(BOTL)
Fanfictionကျနော့် ဘဝကြီး တခုလုံး အလင်းရောင်တွေ မရှိတော့ဘဲ..စုတ်ပြတ်သတ်သွားမယ်ဆိုရင်တောင် ဒီကောင်လေးကို ကာကွယ်ပေးသွားမှာ ဒီကောင်လေးတွက်ဆို ကျနော့် အသက်တောင်စွန့်ဖို့ဝန်မလေးဘူး.... အဲ့ဒီလောက်ထိ ဒီကောင်လေးကိုကျနော် မြတ်နိုးမိပါရဲ့ ...... Mew Su...