Gulf ဒီနေ့ Fai တွက် လက်ဆောင်ဝယ်ပေးမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ကျောင်းကနေ စောစော ထွက်လာခဲ့မိ
တယ်.......လမ်းမှာ Fancy ဆိုင်လေး တဆိုင်တွေ့တာနဲ့ ဝင်ပီး...
Fai ကြိုက်လောက်မယ် ထင်တဲ့ ပစ္စည်းလေး တွေ
ရှာယူပီး ကောင်တာမှာ ပါကင်ထုတ်ခိုင်းနေချိန်....ခပ်လှမ်း လှမ်း စင်လေး တခုပေါ်က ဖန် ဂီတာ ရုပ်လေး
က gulf ကို ဆွဲဆောင်လို့နေတော့တယ်....
Gulf တယောက် ဖန်ဂီတာ လေးကို ပြုံးကြည့်လိူက်ပီး"အမ ဟိုစင်ပေါ်က ဖန်ဂီတာလေးက ဘယ်လောက်လဲ..."
"အော် ... ဘတ်.......ပါမောင်လေး...."
"ဟုတ် ...အဲ့ဒါပါ ယူမယ်နော်...ထည့်ပေါင်းလိုက်..."
"အော် ကောင်းပါပီရှင့်...."
Gulf လည်းပြောပီးတာ နဲ့စင် ရှိရာသို့လျှောက်သွားပီး
ဖန်ဂီတာလေး ကို လှမ်းယူလိုက်တော့တယ် ...ထိုစဥ်မှာဘဲ မထင်မှတ်ဘဲ လက်တခုက သူ့လက်လေးပေါ်မှ အုပ်မိုးဆုပ်ကိုင်လိုက်တာကြောင့်...
Gulf လန့်ပီး လှည့်ကြည့်လိုက်ချိန် ... မြင်လိုက်ရတဲ့
မျက်ဝန်း တစုံကြောင့် gulf ခြေဖျားလက်ဖျားတွေ
အေးစက်ပီး ဖျားချင်သလို ပင်ဖြစ်သွားရတယ် ..."ဟင်....ခင်ဗျားကြီး... ဖယ် ....လွှတ်စမ်းဗျာ...."
Gulf အော်လိုက်တာကြောင့် Mew ကပျာကယာ
လွှတ်လိုက်ရင်း...."အာ....ကိုယ်တောင်းပန်ပါတယ်ကွာ...မရည်ရွယ်ပါဘူး
ကလေး ဒီ ဂီတာလေး ယူမလို့လား.....
အရမ်းမိုက်တယ် နော် ကိုယ်လည်း အရမ်းသဘောကျ
တာ... ဒါပေမယ့်...
ကလေး ယူမယ် ဆိုရင်လည်း...ယူလေ...
ကိုယ်ဘဲ လျှော့ပေးလိုက်ပါ့မယ်...မယူတော့ဘူး...""အဟား...ရီရတယ်နော် ဟာသတွေ သိပ်ပြောတာဘဲ...
ဘာတွေ သဘောကောင်းချင်ယောင် လာဆောင်နေတာ
လဲ....
ဘာတဲ့...တောင်းပန်တယ်..ဟုတ်လား...ဒီလက်လေး
ကိုင်မိတာကို တောင်းပန်ရလောက်အောင်ထိ ခင်ဗျားက
သိပ်ရိုးသားနေတာလား... အရင်က လုပ်ခဲ့တာတွေကို
မသိချင်ယောင်ဆောင်နေတာလား....
YOU ARE READING
Behind Of The Light(BOTL)
Fanfictionကျနော့် ဘဝကြီး တခုလုံး အလင်းရောင်တွေ မရှိတော့ဘဲ..စုတ်ပြတ်သတ်သွားမယ်ဆိုရင်တောင် ဒီကောင်လေးကို ကာကွယ်ပေးသွားမှာ ဒီကောင်လေးတွက်ဆို ကျနော့် အသက်တောင်စွန့်ဖို့ဝန်မလေးဘူး.... အဲ့ဒီလောက်ထိ ဒီကောင်လေးကိုကျနော် မြတ်နိုးမိပါရဲ့ ...... Mew Su...