BOTL(part1)

655 30 5
                                    

"ကျွိ....ဝူး.....ဝူး....."

"ဘာဖြစ်သွားတာလဲ ဘကြီးပန်...."

ရုတ်တရက် သွား​နေတဲ့ ကား​လေး ထိုးရပ်သွားတာ​
ကြောင့် gulf ကား​နောက်ခန်းမှ လှမ်း​မေးလိုက်တယ်..

"အင်း...ဘာဖြစ်သွားတာလဲ မသိဘူးလူ​လေးရယ်
ဘကြီးပန် ဆင်းကြည့်လိုက်မယ်..ခဏ..."

ဘကြီးပန် ​ပြောရင်း ဆင်းသွားကာ ကားစက်ဖုံးကို
ဖွင့်ပီး ဟိုဟို ဒီဒီ စစ်ကြည့်​နေ​တော့တယ်....

"​ဖောကလည်း ဘာဖြစ်လို့ ကားကို မစစ်
​ပေးလိုက်လဲ မသိဘူး ဒီတိုင်းဆို သင်တန်း​နောက်ကျ
​တော့မှာဘဲ....."

Gulf လက်က နာရီကို ငုံ့ကြည့်လိုက်ရင်း တ​ယောက်
ထဲ ညည်းတွားလိုက်မိတယ်....

"လူ​လေး...ကားက ဘာဖြစ်သွားမှန်း မသိဘူး ဘကြီးပန်
ကား service ကို ဖုန်းဆက်လိုက်မယ်...
လူ​လေး အိမ်က ကားတစီးကို လှမ်း​ခေါ်လိုက်ပါလား
​မောင်သန့်တို့လည်း အား​နေတာဘဲ....
လူ​လေး သင်တန်း​နောက်ကျမှာစိုးလို့..."

ဘကြီးပန်​ပြောတာကို gulf တချက်စဥ်းစား လိုက်ပီး...

"​နေ ​နေ ဘကြီးပန် ကျ​​နော် Bus နဲ့ သွားလိုက်မယ်..
တစ်မှတ်တိုင် နှစ်မှတ်တိုင်ဆို ​ရောက်​တော့မှာဘဲ...
​မောင်သန့် တို့ကို ဒုက္ခ မ​ပေးချင်​​​တော့ဘူး...."

"ဟာ မဖြစ်ဘူး...လူ​လေး...တခါမှ Bus စီးဖူးတာလဲ
မဟုတ်ဘဲနဲ့ တခုခုဖြစ်ရင် မင်းရဲ့ ​ဖောက ဘကြီးကို
ဆူလိမ့်မယ်...
လိမ်မာပါတယ်...လူ​လေးရယ် အိမ်က ကားတစီးဘဲ
​ခေါ်လိုက်ပါ...."

"ဟားဟား...ဘကြီးပန်ရယ် ကျ​နော် က က​လေး​လေး
လည်း မဟုတ်​တော့ဘူး....
မကြာခင်ဘဲ ​ကျောင်းပီး​တော့မှာ ကျ​နော်လည်း သွား
ကြည့်ချင်လို့ ​နော်...
ဘကြီးပန် မ​ပြောရင် ​ဖော မသိပါဘူး....
သွားပီ​​နော်..."

​ပြောရင်း ဆိုရင်း ​ကျောပိုးအိတ်​လေး လွယ်ကာ ​ပြေး
ထွက်သွားပီးမှ ပြန်လှည့်​ပြေးလာကာ.....

"ဒါနဲ့ ဘကြီးပန် ကားခ က ဘာနဲ့ ​ပေးရတာလဲ ပိုက်ဆံဘဲ
လား...."

"​အော်...ဟားဟား...​ရော့ ဘကြီးရဲ့ ကဒ်ယူသွား
အဲ့ဒါ​လေး နဲ့ ဖြတ်လိုက်..."

Behind Of The Light(BOTL)Tempat cerita menjadi hidup. Temukan sekarang