"Leo မာမီ ပြောတာ မင်းသေချာစဥ်းစား မင်းဘဝ
တွက် အရေးကြီးတယ် မင်းပျော့ညံ့ နေလို့မရဘူး....""ဒါပေမယ့် မာမီရယ် gulf က သားညီလေး လေ ...
သားတို့မှာ ဆွေမျိုးရင်းခြာဆိုလို့ ...ဒါလေးဘဲရှိတော့
တာကို...."အခန်းတွင်းမှာတော့ .... ဒေါ်ရိုစီ တို့ သားအမိ ဆွေးနွေး
ငြင်းခုံလို့ နေတော့တယ်...."ဒါကြောင့် ပြောတာပေါ့ သား သေချာ စဥ်းစား စမ်း
မင်း ဘကြီးမှာ သားဆိုလို့ gulf လေး တယောက်ဘဲ
ရှိတာ.... မင်းဘကြီးရဲ့ ပိုင်ဆိုင်မှုက မနည်းဘူး.....တကယ်လို့ gulf လေးသာ မရှိတော့ ရင် တဦးတည်း
သော ညီမ ဖြစ်တဲ့ မာမီ ဘဲ ရမှာလေ....
အဲ့တော့ တကယ်လိုများ တွေးထား သလို များ ဖြစ်
လာခဲ့ရင် ... အားလုံး...ဟောဒီက မာမီရဲ့ တဦးတည်း
သော သားလေး တွက်ကြီးဘဲ......
ဘယ်လိုလဲ သား ဟုတ်တယ် မလား...."ဒေါ်ရိုစီရဲ့ အပြောအောက် မှာ Leo တယောက် တွေဝေ
စွာနဲ့ ငြိမ်သက်လို့ သွားရတော့တယ်......
~~~~~~...."ဘန်ကောက်မြို့ပေါ်ရှိ အကြီးဆုံး အထွေထွေ ရောဂါကု ဆေးရုံကြီး".........
Mew တယောက် ဆေးရုံရှေ့သို့ အစောကြီးကတည်းက
ရောက် နေပီး ..တစုံတယောက် ကို မျှော်နေသလို...ခဏကြာတော့ ဆေးရုံ တွင်းသို့ လျှောက်ဝင်လာတဲ့
Leo ကိုတွေ့လိုက်တာကြောင့် Mew ခပ်လှမ်းလှမ်း
မှ လိုက်သွားတော့တယ်....ထို့နောက် Leo ဓါတ်လှေကားထဲ ဝင်သွားပီး တံခါး ပိတ်
သွားတော့မှ Mew အပြေးသွားပီး နံပါတ် ကြည့်လိုက်
တော့ ၄ ထပ်မြောက်....Mew အပြေးလေး လှေကားထစ် အတိုင်း ၄ထပ်မြောက်သို့ မမောနိုင် မပန်းနိုင် ပြေးတက်ခဲ့တော့တယ်...
Mew လည်း ၄ ထပ်ကို အရောက် ဓါတ်လှေကား
တံခါး ပွင့်လာတာကြောင့် Mew နံရံနှင့် ကွယ် လိုက်ရင်း
Leo နောက်မှ တိတ်တဆိတ် ... လိုက်ခဲ့တော့တယ်....ထို့နောက် Leo ဝင်သွားတဲ့ အခန်းရဲ့ရှေ့မှာ ရပ်လိုက်ပီး
ချိတ်ထားတဲ့ စာတန်းလေး ကို Mew ဖတ်လိုက်မိတယ်..
YOU ARE READING
Behind Of The Light(BOTL)
Fanfictionကျနော့် ဘဝကြီး တခုလုံး အလင်းရောင်တွေ မရှိတော့ဘဲ..စုတ်ပြတ်သတ်သွားမယ်ဆိုရင်တောင် ဒီကောင်လေးကို ကာကွယ်ပေးသွားမှာ ဒီကောင်လေးတွက်ဆို ကျနော့် အသက်တောင်စွန့်ဖို့ဝန်မလေးဘူး.... အဲ့ဒီလောက်ထိ ဒီကောင်လေးကိုကျနော် မြတ်နိုးမိပါရဲ့ ...... Mew Su...