လောဝ်လွန်က သူမအခန်းရှိရာအပေါ်ထပ်ကို ဖေးအားဆွဲခေါ်သွားတော့သည်။လမ်းမှာတွေ့သမျှအစေခံတွေအားလုံး လောဝ်လွန်ကိုတွေ့လျှင်တွေ့ချင်း ရှောင်ဖယ်ကြတယ်။အဲ့ထဲမှ အစေခံတစ်ယောက်က လောဝ်လွန်ဆီပြေးလာပြီး
"မမလေး၊ပြန်လာပြီလား။ကျွန်မမမလေးကိုမျှော်နေတာ။နောက်ကျနေလို့။တစ်ခုခုများဖြစ်လို့လားလို့ စိတ်ပူနေတာ "လို့တက်ကြွစွာပြုံးပြီး ပြောလေတယ်။လောဝ်လွန်က သူမကိုခေါင်းပုတ်ပြီး တစ်ချက်ပြုံးပြကာ "တောင်းပန်ပါတယ်။စိတ်ပူအောင်လုပ်မိလို့"။ အစေခံက "မဟုတ်တာ မမလေးရယ်။အန္တရာယ်ကင်းကင်းနဲ့ပြန်လာရင်ဘဲတော်ပါပြီ။"လို့ စိတ်ပူတာဖြေလျော့လိုက်တဲ့လေသံနဲ့ ပြောလိုက်တယ်။ဖေးက လောဝ်လွန်အစေခံကိုဆက်ဆံနေတဲ့ပုံစံကိုကြည့်ရင်း လောဝ်လွန်ဒီအိမ်မှာယုံကြည်ရတာ ဒီအစေခံမလေးတစ်ယောက်ဘဲရှိတယ်ဆိုတာ သဘောပေါက်သွားတယ်။"မမလေး။သူက"အစေခံလေးက လောဝ်လွန်ကိုစိတ်ပူရာကနေ ဖေးကိုကြည့်ပြီးပြောလိုက်တယ်။
"သူက ငါ့ရဲ့ bodyguard အသစ်၊စစ်ခွန်သာ။ချောတယ်မလား။"
"အားချောလိုက်တာ။"အစေခံမလေးက လောဝ်လွန်ကိုကျော်ပြီး ဖေးကိုရစ်သီရစ်သီနဲ့တစ်ကိုယ်လုံးလှည့်ပတ်ပြီး ကြည့်နေတယ်။
"အစ်ကို့နာမည်ကဘာလဲ။"လို့ သူမက ဝိုင်းစက်နေတဲ့မျက်လုံးနဲ့ ဖေးကို ပဟေဠိဆန်တဲ့အပြုံးနဲ့မေးလိုက်တယ်။ဖေးက မဖြေဘဲ မျက်နှာလွဲကာ လောဝ်လွန်ဘက်လှည့်ရင်း
"ကျွန်တော့်ကိုဆေးမထည့်ပေးတော့ဘူးလား။"လို့ ဖေးကအနာကိုလက်ညိုးထိုးပြရင်းပြောလိုက်တယ်။လောဝ်လွန်က "ဟုတ်သားဘဲ။လာလိုက်ခဲ့။"ဖေးကနောက်ကိုသမင်လည်ပြန်ကြည့်လိုက်တော့ အစေခံကောင်မလေးက သူမကိုပြုံးပြနေတာကိုတွေ့လိုက်ရတယ်။အခန်းထဲတွင်......
လောဝ်လွန်က ဖေးကိုဆိုဖာပေါ်ထိုင်ခိုင်းပြီးဆေးထည့်ပေးရင်း"မင်းအလုပ်ဆင်းပြီမဟုတ်လား။ဘာလို့လိုက်လာတာလဲ။"
"ကျွန်တော်က ခင်ဗျားရဲ့ bodyguard လေ။ခင်ဗျားသွားတဲ့နေရာတိုင်း လိုက်ရမှာကျွန်တော့်အလုပ်မဟုတ်ဘူးလား။"
လောဝ်လွန်ကဆေးထည့်ပေးရင်း ဖေးကိုတစ်ချက်ငုံ့ကြည့်တဲ့အချိန်နဲ့ ဖေးကလောဝ်လွန်ကိုမော့ကြည့်တဲ့အချိန်နဲ့ဆုံသွားတယ်။လောဝ်လွန်ချက်ချင်းခေါင်းကိုမော့လိုက်ပြီး
"မင်း မင်းကိုယ့်ကိုထိခိုက်တဲ့အထိတော့ လုပ်ဖို့မလိုဘူး။စာချုပ်ထဲမှာပါပေမဲ့လည်း...."
"ဒါတော့ကျွန်တော့်အပိုင်း။ကျွန်တော်လိုက်နာစရာလိုတာ ကျွန်တော်လိုက်နာမယ်။အသုံးမဝင်တာတွေကို ကျွန်တော်ချန်ထားလိုက်မယ်။"
လောဝ်လွန်ကဆေးထည့်ပြီး ပစ္စည်းတွေသိမ်းနေတော့တယ်။
"မင်းက သူဌေးလုပ်ဖူးတဲ့ပုံဘဲ။မင်းပြောပုံတွေ၊နေထိုင်ပုံတွေက ပိုက်ဆံချမ်းသာတဲ့ လူနဲ့တူတယ်။"
ရုတ်တရက် တံခါးခေါက်သံ
"မမလေး၊မမလေးနဲ့ဧည့်သည်အတွက် မုန့်လာပို့တာပါ။"
"ဝင်လာခဲ့လိုက်"
အစေခံမလေးက မုန့်နဲ့ကော်ဖီကိုချပြီး လောဝ်လွန်ထိုင်နေရာရဲ့အနောက်ဘက်မှာသွားရပ်ကာ
"သူမက ငါရဲ့အစေခံနာနီ။"ဖေးက နှုတ်မဆက်ဘဲ ထိုင်ခုံမှာထိုင်မြဲထိုင်နေတော့တယ်။အစေခံမလေးက သူမကိုဘုကြည့် ကြည့်နေတဲ့အတွက်
"ငါမင်းကိုနှုတ်ဆက်ဖို့လိုလို့လား။ငါတို့က ခဏဘဲတွေ့မှာမဟုတ်လား။"လို့ ခတ်ဆတ်ဆတ်လေးပြန်ပြောမိတယ်။
"ကျွန်မလည်း ရှင့်ကိုသိပ်နှုတ်ဆက်ချင်တယ်များမှတ်နေလား။"ဖေးကို မနှစ်မြို့တဲ့လေသံနဲ့ပြောပြီး လောဝ်လွန်ကို
"မမလေး။ဘယ်လိုbodyguard ငှါးထားတာလဲ။ဒီလိုမရိုမသေလုပ်ပုံနဲ့ဆို။ပြီးတော့ သူ့မျက်လုံးက ကျွန်မကိုဝါးစားပစ်တော့မယ်အတိုင်းဘဲ။"
BẠN ĐANG ĐỌC
365 မှတည်သော မေတ္တာတရား
Lãng mạn(🔥🔥Warning::::::ဤfic သည် ၁၇ နှစ်အောက်အရွယ် ကလေးများဖတ်ရန်မသင့်တော်ပေ။အစကကျွန်မ+မပါဘဲရေးဖို့စဉ်းစားပေမဲ့ ဇာတ်ကြောင်းအရပြောင်းသွားခြင်းဖြစ်ကြောင်း။စာဖတ်သူreader များအားတစ်စုံတစ်ရာ စိတ်အနှောင့်အယှက်ဖြစ်သော် ခွင့်လွှတ်ပေးပါရန်ပန်ကြားအပ်ပါတယ်။) သူမရဲ့အ...