"သခင်မလေး၊မမလေးလောဝ်လွန်ရောက်ပါပြီ။"
"မြန်မြန်ဝင်လာခိုင်းလိုက်။သူကြိုက်တဲ့မုန့်တွေငါဖုတ်ထားပေးတာ။အေးမှာစိုးလို့"
"ဟုတ်ကဲ့။"
လောဝ်လွန်ကအခန်းထဲဝက်လာတာနဲ့တစ်ပြိုင်နက် သူမရင်ခွင်ထဲကို သေးငယ်တဲ့ခန္ဓာကိုယ်နဲ့ပြေးဝင်လာတဲ့ ကောင်မလေး။လောဝ်လွန်ကခန္ဓာကိုယ်ချင်းခွါရင်းနွေးထွေးတဲ့အကြည့်နဲ့ကြည့်ကာ
"မမလောဝ်ဆုမ်ဆိုင်။ညီမလေးကိုလွမ်းနေတာလား။"
လောဝ်ဆုမ်က မျက်နှာစူပုတ်ပုတ်ဖြင့်
"ဟုတ်တယ်လေ။(၇)နာရီလောက်ပြန်လာမယ်ဆို။(၈)နာရီတောင်ထိုးတော့မယ်။ဖုတ်ထားတဲ့မုန့်တွေတောင် အေးကုန်တော့မယ်။တော်သေးတယ်။နောက်ကျမှဖုတ်လိုက်မိလို့"
"တောင်းပန်ပါတယ်။နောက်ကျသွားလို့။အခုဘဲစားလိုက်မယ်လေ။"လို့ ခုံပေါ်ကကိတ်မုန့်ကိုဇွန်းနဲ့ဖဲ့ကာ စားမယ်ဟုပြင်လိုက်သည်။သူမလက်ကို လောဝ်ဆုမ်ကချက်ချင်းဆွဲကာ
"မေ့ပြန်ပြီ။ဒီကအစ်မကိုအရင်ကျွေးရမှာလို့ပြောထားတာ ဘယ်နှစ်ခါရှိပြီလဲ။"
"အစ်မကတော့ မပြောင်းလဲသေးဘူးဘဲ။အဲ့ဆို ...အား...ဟ"
"အိမ်း......စားလို့ကောင်းတယ်။လာမမ ခွံ့ကျွေးမယ်။"လို့လောဝ်ဆုမ်က ကိတ်မုန့်ကိုဇွန်းနောက်ထပ်တစ်ချောင်းနဲ့ ဖဲ့ရင်း လောဝ်လွန်ပါးစပ်ထဲကိုခွံ့ကျွေးလိုက်ပါတော့တယ်။လောဝ်လွန်ပါးစပ်ထဲမှာ ice-cream အရသာလေး။ချိုလွန်းလို့ လူတောင်အရည်ပျော်သွားလောက်တယ်။လောဝ်ဆုမ်ကပြုံးရင်း
"စားကောင်းတယ်မလား။"
"ကောင်းတယ်။"
"ဒီနေ့ bodyguard အသစ်ခန့်လိုက်တယ်ကြားတယ်။ယောက်ျားလေးလား။"
လောဝ်လွန်က ကိတ်မုန့်စားရင်း "ဟုတ်တယ်မမ။ညီမလေးကိုကာကွယ်ဖို့လူလိုတယ်လေ။"လောဝ်ဆုမ်ကဉာဏ်ဖြတ်သူပီပီ စားပွဲကိုလက်နဲ့ထုကာ စိတ်တိုတဲ့အမူအရာဖြင့်
"ဖေဖေနဲ့မေမေ ညီမလေးကိုအနိုင်ကျင့်ပြန်ပြီလား။ငါသွားပြောမယ်။သိပ်ကိုလွန်လွန်းတယ်။"လောဝ်ဆုမ်က ရုတ်ချည်းတံခါးကနေထွက်သွားမယ်လုပ်တော့ လောဝ်လွန်ကလှမ်းဆွဲတယ်။
"အား....မသွားနဲ့။အခုသွားပြောလည်းမထူးဘူး"
"မပြောစေချင်ရင် မမညီမလေးသင်ထားပေးတဲ့ စကားပြောလေ။"လို့ ယုတ်မာတဲ့အကြံကြံသလိုပုံစံဖြင့်
"မပြောပါဘူး။ဘာကိစ္စ...."
"အဲ့ဆို သွားပြောတော့မယ်"
"အား....ပြောမယ်။ပြောမယ်။မိုးလောက်ကဲ့သို့ချစ်စရာကောင်းလောက်တဲ့ ညီမလေးလောဝ်လွန်ရဲ့တစ်ဦးတည်းသောအစ်မတော်ဖြစ်တဲ့ လောဝ်ဆုမ်အား မိဘတော်ကိုသွားရောက်လျှောက်တင်ခြင်းမပြုပါရန် တိုက်တွန်းအပ်ပါတယ်။"
"အဟမ်း....လှပတာကျန်ခဲ့ပြီ။ပြန်ပြော"
လောဝ်လွန်က လက်ခလယ်ထောင်ကာ
"ဘော....ကိုယ့်ကိုယ်ထည့်ပြော"လောဝ်ဆုမ်က လက်နှစ်ဖက်လုံးဖြင့် လက်ခလယ်ထောင်ပြကာ
"ငါနင့်ထက်တစ်လှမ်းသာတယ်။"
"ခြေခလယ်ကောကြည့်ချင်လို့လား။"လို့လောဝ်လွန်ကရီရင်းပြောလိုက်တယ်။
"ဝေါ့....ဝေါ့။တော်တော့နင်လုပ်မှခြေတွေ၊လက်တွေကဆဲဖို့ တပ်ထားပေးသလိုဖြစ်နေပြီ။"လောဝ်လွန်ကကိတ်မုန့်စားပြီးလို့ ပြန်မယ်အပြု
"နင့် bodyguard နဲ့တစ်ခါလောက်တော့ တွေ့ချင်ပါတယ်။"
"ဘာလုပ်မလို့လဲ။"
"ဒီတိုင်းဘဲ။ကောင်းလားသိချင်လို့"
"အခွင့်ကြုံရင်ပေါ့။"
"အခုလွှတ်ရင်...လွှတ်..."
"ဒုန်း"လောဝ်ဆုမ်စကားပြောမပြီးခင်ပင် တံခါးကနေ လောဝ်လွန်ထွက်သွားတော့သည်။လောဝ်ဆုမ်က စိတ်ထဲကကျိန်ဆဲရုံတစ်ပါး ဘာမှမလုပ်နိုင်။
"စင်တီ၊လာခဲ့ဦး။"
"ဟုတ်။သခင်မလေး။"
"စီးကရက်ယူလာခဲ့။"
လောဝ်ဆုမ်က စီးကရက်ကိုမီးညှိလိုက်ပြီးပါးစပ်ထဲထည့်ကာ အငွေ့တွေရှူသွင်းပြီး ပါးစပ်ကပြန်မှုတ်ထုတ်လိုက်တယ်။အခန်းပြတင်းပေါက်အပြင်ကိုလှမ်းငေးကာ
"ကိုယ့်ညီမလေးကို အလွယ်တကူလက်လွှတ်ရအောင် ငါကအရူးမဟုတ်ဘူး။နာနီကိုတောင်မပထုတ်နိုင်သေးဘူး။နောက်ချီးထုပ်အရှုပ်ထုတ်ကပေါ်လာပြန်ပြီ။"လောဝ်လွန်သူမအခန်းတံခါးဖွင့်ဖွင့်ချင်းပြတင်းပေါက်လရောင်အောက်မှာသူမကိုရုပ်တည်ကြီးနဲ့ရပ်စောင့်နေတဲ့ဖေးကိုမြင်တွေ့လိုက်ရတယ်။
"ညတောင်ရောက်နေပြီ။မပြန်သေးဘူးလား။"
"ဒီမှာအိပ်လို့မရဘူးလား။"
"ဟင်.....ရတယ်လေ။အခန်းပြင်ခိုင်းလိုက်မယ်။"
"မဟုတ်ဘူး။တစ်ခန်းထဲကိုပြောတာ"
လောဝ်လွန်ကတောင့်တောင့်ကြီးရပ်ကာ
"ဟင်........။မိန်းကလေးနဲ့ယောက်ျားလေးတစ်ခန်းထဲအိပ်တာ ဖြစ်သင့်လို့လား။"လို့မျက်နှာနီပြီး အသံနည်းနည်းကျယ်ကျယ်အော်ပြောမိတယ်။
"ဘာ။စိတ်ပူနေတာလဲ။ဥက္ကဌ bodyguard မလို့လေ။လစာပေးရအောင်တန်အောင်။"
"ဒါပေမဲ့ သူများတွေအမြင်မှာ တစ်မျိုးကြီးဖြစ်နေ.."
"အော်...။ပါကင်မဖောက်ရသေးတာလား။ကျွန်တော်လည်း ပထမဆုံးမဖြစ်ချင်ပါဘူးနော်။သင်ပေးရတာခက်လို့....."ဖေးက ပွင့်ပွင့်လင်းလင်းပြောချလိုက်တယ်။
လောဝ်လွန်မျက်နှာကြီး ခရမ်းချည်သီးထက်တောင် နီရဲလာကာ ဖေးကိုအင်္ကျီကော်လံကဆွဲပြီး အခန်းအပြင်ပစ်ထုတ်လိုက်ပါတော့တယ်။
"အစေခံကိုအခန်းပြင်ပေးဖို့ပြောလိုက်။"ဆိုပြီး တံခါးဆောင့်ပိတ်သွားတော့တယ်။
ဖေးကငါပြောတာဘာမှားလို့လဲဆိုပြီး စဉ်းစားနေတုန်း တံခါးထပ်ပွင့်လာကာ
"ငါပါကင်ဖောက်ဖောက်မဖောက်ဖောက်နင်နဲ့လည်းမဆိုင်ဘူး။ချီးထုပ်ကောင်ရဲ့"ဆိုပြီး တံခါးထပ်ဆောင့်ပိတ်သွားတော့တယ်။
ဖေးကသူ့ကိုယ်သူတောင်ဘာလို့ပြုံးမိလဲမသိတော့ဘူး။'ချီးထုပ်ကောင် အလုပ်ဝင်တာဖြင့်တစ်ရက်ဘဲရှိသေးတယ်။ငါ့ကိုများ။အလုပ်ဖြုတ်ပစ်လိုက်ရ။ဒါမဲ့ သူကလရောင်အောက်မှာ တော်တော်ချောတာဘဲ။မိန်းကလေးနဲ့အရမ်းတူတယ်။နေဦး ငါသူ့ကိုအလုပ်ဖြုတ်ဖို့ စဉ်းစားနေတာလေ။ဒါကဘယ်ကရောက်လာတာလဲ။' လို့လောဝ်လွန်တစ်ယောက်တည်းပတ်ချာလှည့်နေတော့တယ်။ "အား....မသိတော့ဘူး။ခြေလက်ဆေးပြီး စောစောအိပ်ရာဝင်တော့မယ်။"
KAMU SEDANG MEMBACA
365 မှတည်သော မေတ္တာတရား
Romansa(🔥🔥Warning::::::ဤfic သည် ၁၇ နှစ်အောက်အရွယ် ကလေးများဖတ်ရန်မသင့်တော်ပေ။အစကကျွန်မ+မပါဘဲရေးဖို့စဉ်းစားပေမဲ့ ဇာတ်ကြောင်းအရပြောင်းသွားခြင်းဖြစ်ကြောင်း။စာဖတ်သူreader များအားတစ်စုံတစ်ရာ စိတ်အနှောင့်အယှက်ဖြစ်သော် ခွင့်လွှတ်ပေးပါရန်ပန်ကြားအပ်ပါတယ်။) သူမရဲ့အ...