**Author Note**
Author ဇာတ်ကြောင်းတစ်ခုလုံးစဉ်းစားပြီးနောက် "ဂျင်းထည့်သွားသော bodyguard"ထက် ဒီ "365မှ တည်သော မေတ္တာတရား"ကပိုသင့်လျော်သောကြောင့်နာမည်ရုတ်တရက်ပြောင်းလိုက်ကြောင်း အသိပေးပါသည်။ဖတ်ရှုအားပေးသူတစ်ယောက်ချင်းစီတိုင်းအားလည်းတန်ဖိုးထားကျေးဇူးတင်ပါကြောင်း။
Lao Liang
———————-𖦊𖦊𖦊𖦊𖦊—————————"ကောင်လေး၊မင်းငါပြောနေတာမကြားဘူးလား။လက်ထဲကကောင်မလေးကိုလွှဲလိုက်ပေါ့။ဘာလဲမလွှဲချင်ဘူးလား။သေချင်တယ်ပေါ့။ဘက်စုံထောင့်ကအချိုးကျတဲ့မျက်နှာနဲ့စောစောသေရမယ်ဆို နှမြောစရာဘဲနော်။"လို့ လူကြမ်းခေါင်းဆောင်က ဖေးကိုအထင်သေးတဲ့မျက်လုံးဖြင့် ခနဲ့ကာပြောလိုက်တော့တယ်။ဖေးကဘာမှပြန်မပြောဘဲထိုလူကြမ်းရဲ့မျက်လုံးထဲကိုသာတည့်တည့်စိုက်ကြည့်နေလေသည်။ဖေးခတိန်ရဲ့အကြည့်တွေကို ထိုလူကြီးကမြင်တော့
"ဘာလဲ။မင်းကမလွှဲချင်ဘူးလား။မင်းလိုပိန်ပိန်ပါးပါးကလာစိန်ခေါ်ရဲတယ်ပေါ့။မင်းရဲ့အနီရောင်မျက်လုံးတောက်တောက်တွေကိုရောင်းစားရင်စျေးကောင်းရလိမ့်မယ်။"ဆိုပြီး ဖေးခတိန်ရှေ့ကိုတစ်လှမ်းချင်းလျှောက်လာပြီး ၅ပေအကွာမှာရပ်နေတော့သည်။လောဝ်လွန်ကမျက်လုံးဖွင့်လာပြီး ဖေးကိုမော့ကြည့်ကာ "စစ်ခွန်သာ၊မင်းအနောက်ဆုတ်နေလိုက်။ငါရှင်းလိုက်မယ်။ခေါင်းဘဲမူးနေတာ။ငါ့ကိုယ်ငါတော့သိပါသေးတယ်။"လို့ အသံဖျော့ဖျော့နဲ့ပြောလေသည်။ဖေးကလောဝ်လွန်ဘာမှပြန်မပြောဘဲအနောက်သို့ဆုတ်ပြီးလှည့်လိုက်ကာ ရှူးဖိနပ်ကိုချွတ်လိုက်လေသည်။ထို့နောက်လောဝ်လွန်ကိုဖိနပ်ပေါ်သို့ချပေးလိုက်ပြီး အင်္ကျီသေချာပြန်ခြုံပေးကာ
"ကျွန်တော်ကဥက္ကဌဘော်ဒီဂတ်ပါ။ဒီလောက်ကတော့မမူပါဘူး။ခဏစောင့်နော်ဥက္ကဌ။ကျွန်တော် ကိစ္စရှင်းလိုက်ဦးနော်။ဖိနပ်ပေါ်မှာ သေချာထိုင်နော်။ကြမ်းပြင်ကအေးတယ်။"
"အဆင်ပြေပါ့မလား။မင်းအဆင်မပြေရင်.."
ဖေးကလောဝ်လွန်ရဲ့ခေါင်းကိုပွတ်ပေးလိုက်ပြီး "ကျွန်တော် အဆင်ပြေပါတယ်။"ဆိုပြီး ဖေးရှေ့ထိုင်နေရာမှထတာ ထိုလူကြမ်းနဲ့မနီးမဝေးတွင်ရပ်လိုက်လေသည်။သူမထိုလူကြမ်းတွေကိုကြည့်လိုက်တော့ လူကြမ်းတွေကတုတ်ကိုပခုံးပေါ်မှချပြီး ဖေးကိုရိုက်ဖို့အသင့်ပြင်လိုက်သည်။ဖေးကသူမရဲ့နက်တိုင်ကို ဆွဲဖြုတ်လိုက်ပြီး လက်တစ်ဖက်တွင်ပတ်ကာ အပေါ်ဆုံးကြယ်သီးတစ်လုံးကိုဖြုတ်လိုက်တော့သူမရဲ့အမူအရာကြောင့် လူကြမ်းတွေက
CITEȘTI
365 မှတည်သော မေတ္တာတရား
Dragoste(🔥🔥Warning::::::ဤfic သည် ၁၇ နှစ်အောက်အရွယ် ကလေးများဖတ်ရန်မသင့်တော်ပေ။အစကကျွန်မ+မပါဘဲရေးဖို့စဉ်းစားပေမဲ့ ဇာတ်ကြောင်းအရပြောင်းသွားခြင်းဖြစ်ကြောင်း။စာဖတ်သူreader များအားတစ်စုံတစ်ရာ စိတ်အနှောင့်အယှက်ဖြစ်သော် ခွင့်လွှတ်ပေးပါရန်ပန်ကြားအပ်ပါတယ်။) သူမရဲ့အ...