Part 4

467 67 3
                                    

"Hyungတို့အားလုံးmorning..."

"အော်Taehyungတောင်ရောက်လာပြီလား။"

"ဟုတ်Hyungကားလမ်းတွေကကြပ်နေတော့နည်းနည်းကြာသွားတာ။"

"ဒါနဲ့နေပါဦး။မင်းနောက်ကကောင်လေးကမင်းမန်နေဂျာလား။"

"အာဟုတ်ပါတယ်။ကျွန်တော်ကTae Taeရဲ့..အဲမှားလို့ဒီကTaehyung shiiရဲ့မန်နေဂျာပါ။Park Jiminလို့ခေါ်ပါတယ်ဗျ။"

"ကောင်းပါပြီကိုယ့်နာမည်ကRMပါ။Namjoon Hyungလို့လည်းရင်းရင်းနှီးနှိးခေါ်လို့ရပါတယ်။အကူအညီလိုလည်းပြောပေါ့။မင်းကြည့်ရတာကိုယ့်ထက်ငယ်ပုံရလို့Hyungလို့ပဲသုံးလိုက်တော့တယ်နော်။"

"အာ. ဟုတ်ကျွန်တော့်ကိုလည်းညီလေးတစ်ယောက်လိုသဘောထားပြီးလိုတာရှိလည်းဆုံးမပေးပါဗျ။"

"ဟုတ်ပါပြီဗျာ။Jiminလေးကအလိမ္မာလေးပဲ။"

"အဟမ်း...အဟမ်းHyung ဟိုကHobi Hyungဘေးကတစ်ယောက်ကဘယ်သူလဲ။"

"အက်တစ်ယောက်လား။သူကHobiရဲ့မန်နေဂျာလေးလေ။ငယ်သေးတယ်အက်ကောင်လေးက။အသွင်တူမှအိမ်သူဆိုတဲ့အတိုင်းကွာအသံပါဝါကရှယ်ကောင်း။စောနကဆိုHobiနဲ့ဘာတွေပြောလဲမသိဘူးကွာ။ရီလိုက်တာများဆိုတာHYBEကြီးတစ်ခုလုံးသူတို့နှစ်ယောက်ရီသံနဲ့တင်ပြိုနိုင်တယ်။"

"Hyungရယ်ပြောချလိုက်တာများ။Hobi hyungသိရင်စိတ်ဆိုးနေဦးမယ်။ပြီးတော့လည်းဟိုကသူ့မန်နေဂျာအိမ်သူမဟုတ်ဘူး။ပြောလိုက်ရင်အနှောင့်မလွတ်အသွားမလွတ်နဲ့။Yoongi Hyungဆဲတာခံနေရဦးမယ်။သိတဲ့အတိုင်းအက်Yoongi Hyungကမထင်ရင်မထင်သလိုသူ့ဟာလေးကိုစွတ်သဝန်တိုတတ်တာကို။"

"မင်းကလည်းကွာငါကစကားပုံနဲ့ပြောပြတာပါ။ပြီးတော့Yoongi Hyungလည်းမကြားပါဘူးကွာ။သူကဖြင့်ခုမှအိမ်မက်ထဲမှာတောင်အိပ်လို့ကောင်းတုန်း။"

"ဒီမယ်ဟိုဟာလေ..၊ဘာတွေပြောနေကြတာလဲဟင်။Yoongi Hyungကလည်းဘာလို့ဆဲမှာလဲဟင်။အက်တာလေးပြောရုံလောက်နဲ့တင်တော့မဆဲလောက်ပါဘူး။"

အနားမှာအက်ချာတိတ်ရှိတာကိုမေ့ပြီးNamjoon Hyungနဲ့ပြောချင်တာတွေပြောနေတာ။
အက်ချာတိတ်ပြောမှသူရှိမှန်းသတိရတယ်။ဒါနဲ့သူကခုကျွန်တော်တို့ပြောတာတွေကိုအကုန်ကြားသွားတာပေါ့။
သွားပြီ...၊Yoongi Hyungနဲ့Hoseok Hyungအကြောင်းတော့မသိသွားလောက်ပါဘူးနော်🤐🤐🤐။
မသိလောက်ပါဘူးလေ။ချာတိတ်ကအက်လောက်လည်းလည်မယ့်ပုံမပေါ်ပါဘူး။
အက်ချာတိတ်လူပုသလောက်လျှာကိုရှည်တယ်😒😒😒။

Fanboy love storyWhere stories live. Discover now