Part 5

489 69 4
                                    

ကျွန်တော်အလုပ်စဆင်းတာဒီနေ့နဲ့ဆိုငါးရက်လောက်တော့ရှိပြီ။ပင်ပန်းလားဆိုတော့ပင်ပန်းတယ်ဗျ။
မနက်အစောကတည်းကလာရပြီးတော့ကိုယ့်idolရဲ့အချိန်ဇယားတွေကိုကြိုစစ်ဆေးပြီးစီစဥ်စရာရှိတာစီစဥ်ရတယ်။
ကျွန်တော့်နည်းတူTae Taeလည်းပင်ပန်းတာပါပဲလေ။သူကမှပိုတောင်ပင်ပန်းဦးမယ်။
တစ်နေ့တစ်နေ့အကတိုက်ရတယ်၊photo shootingကလည်းရှိသေး၊interviewတွေဘာတွေရောနဲ့ရှုတ်ရှက်တွေကိုခတ်နေတာပါပဲ။
ကျွန်တော်လေအက်လိုTae Taeပင်ပန်းတာကိုမြင်ရတာအရမ်းဝမ်းနည်းရတယ်။
အရင်ကတော့Tae Taeတို့ကကွက်အသစ်ထွက်တိုင်းဒီအက ကလန်းလိုက်တာ၊မိုက်လိုက်တာ။
photoတွေ၊interviewတွေ၊showတွေမှာမြင်ရတဲ့သူ့ရဲ့boxy smileလေးတွေ၊ချောမောမှုလေးတွေကိုကြည့်ပြီးTae Taeကပျော်ပျော်ရွှင်ရွှင်၊
ကျန်းကျန်းမာမာနဲ့ရှိတာပဲလို့ပေါ့ပေါ့လေးတွေးပြီးသူ့ရဲ့performanceတွေကိုဒီတိုင်းပျော်ပျော်လေးထိုင်ကြည့်ခဲ့တာ။
ဒါပေမဲ့ခုလိုမျိုးTaeတို့နဲ့အနီးကပ်နေရပြီး၊သူတို့ရဲ့stageနောက်ဘဝကိုမြင်ရတော့လည်းကျွန်တော်ထင်သလိုသူတို့ဟာပြီးပြည့်စုံပြီး၊ပျော်ရွှင်တဲ့ဘဝနေနေရတာမဟုတ်ဘူးဆိုတာကိုသိလာရတယ်။
အကတွေကိုမမောမပန်း၊မညီချင်းပင်ပင်ပန်းပန်းလေ့ကျင့်ရတယ်။လေ့ကျင့်ပြီးတော့လည်းကြာကြာမနားရပါဘူး။
ဟိုshow၊ဒီshowအစုံသွားရတယ်။
အက်ကျတော့လည်းဒီတိုင်းသွားလို့ရတာမဟုတ်ဘူးလေ။
ဆံပင်ပြင်၊မိတ်ကပ်ပြင်နဲ့အရမ်းအလုပ်ရှုပ်တယ်။
သူတို့ပင်ပန်းနေရင်တောင်မှသူတို့fanတွေအတွက်သူတို့အားတင်းပြီးပြုံးထားတယ်။
သူတို့fanတွေကိုသူတို့ကစိတ်မပူစေချင်ဘူးလေ။ပြီးတော့လည်းသူတို့ကသူတို့fanတွေကိုသူတို့ရဲ့အကောင်းဆုံးတွေကိုပဲချပြချင်လို့အစွမ်းကုန်ကြိုးစားကြတယ်။
သူတို့နေမကောင်းဖြစ်ရင်တောင်လျစ်လျူရှုပြီးတော့ပေါ့။
ကျွန်တော်ကတော့လေTae Taeတို့ကိုကြည့်ပြီးသူတို့အစားပင်ပန်းပြီးဖျားတောင်ဖျားချင်တယ်။
ကျွန်တော်ကပင်ပန်းတဲ့အလုပ်ဆိုသိပ်မုန်းတာ။ခုလိုidolရဲ့မန်နေဂျာဆိုတဲ့အလုပ်ကလည်းပင်ပန်းတဲ့အထဲတော့ပါတယ်လို့ပြောလို့ရတယ်။
ဒါပေမဲ့Tae Taeမျက်နှာလေးမြင်တာနဲ့ပင်ပန်းမှုတွေကပျောက်သွားရော။
ဘိုင်အိုဂျက်ဆစ်နံပါတ်တစ်ဆိုတာအလကား။ကျွန်တော့်အတွက်ကတော့Tae Taeမျက်နှာလေးကသာကျွန်တော့်ရဲ့ရောဂါတွေကိုပျောက်စေတဲ့ပဋီဇီဝဆေးလေးဗျ။
ကျွန်တော်ကသာပြောနေတာTae Taeကတော့ပင်ပန်းမှုကိုအသားကျနေလို့လားမသိ။
ဘယ်လိုမှမနေပေ။ကျွန်တော်ကတော့လေသူ့ကိုကြည့်ပြီးပင်ပန်းလွန်းလို့Tae Taeကိုအက်ကနေဆွဲခေါ်ပြီးတော့
ဘုရားကျောင်းသွား၊
အက်မှာတစ်ခါတည်းလက်ထပ်ပြီးတော့သူ့ကိုအိမ်မှာဒီတိုင်းလေးထိုင်ခိုင်းပြီးတော့အေးအေးဆေးဆေးလေးထားချင်စိတ်ကယွပိုးကိုထိုးလို့။
ဒါပေမဲ့Tae Taeကိုယ်တိုင်ကဒီအလုပ်မှာပျော်နေမှတော့ကျွန်တော်ကဘာတတ်နိုင်မှာလဲ။
အက်Tae Taeကလေသူများတွေရှေ့မှာတည်ကြည်ခံ့ညားပြီး၊ရင့်ကျက်သေလာက်ကျွန်တော်နဲ့ကျတော်တော်ကလေးဆန်တာတအားပဲ၊သိကြရဲ့လား။
ကျွန်တော်ကပြောရင်သူကနားမထောင်ဘူး။သူလုပ်ချင်တာလုပ်တာ၊ပြီးတော့စကားနိုင်ကလည်းလုသေး။
ကျွန်တော့်ကိုဆိုအမြဲစလိုက်နောက်လိုက်အရွဲ့တိုက်လိုက်နဲ့။
တစ်ခါမှအကောင်းမပြောဘူး။
ကျွန်တော်နဲ့သူကခုဆိုငယ်သူငယ်ချင်းအရင်းတွေအတိုင်းပဲ၊ခင်တာဘယ်လောက်မှမကြာသေးပေမယ့်ပေါ့။
သူငယ်ချင်းဆိုလို့အထင်တွေစွတ်မသေးနဲ့ကျွန်တော့်ကို၊
ကျွန်တော်ကကျွန်တော်တို့ဆက်ဆံရေးကိုသူငယ်ချင်းကနေ၊လင်မယား..အဲဟုတ်သေးပါဘူး။
လင်လင်တွေဖြစ်အောင်ပြောင်းပြန်လှန်ပစ်မှာဗျ။မယံုရင်စောင့်ကြည့်နေ။ကျွန်တော်တို့နှစ်ယောက်ရဲ့ကလေးတွေကိုခုဖတ်နေတဲ့ခင်ဗျားတို့ကိုထိန်းခိုင်းပစ်မယ်။
ခင်ဗျားတို့ကလေးထိန်းဖြစ်ဖို့သာပြင်ထား...ခစ်ခစ်..။

Fanboy love storyWhere stories live. Discover now