စစ်သူကြီးက လူကောင်းကို ဖမ်းရပါမယ်

3.4K 415 74
                                    

"ငါး.... ငါး..ကျမှာ မယုံရင်ကြည့်လိုက် ငါးကွ ငါး"

"ကျားပါဆိုနေ ဟေ့ကောင်တွေ ကျားဘက်ကလောင်းကွာ..."

"ကျွန်တော်လဲ လောင်းမယ်လေ တပ်မှူးကျောက်.."

သူတို့ဘာသာ လောင်းကစားဝိုင်း ထောင်နေကြတုန်းကအကောင်း။ ရိပေါ်လဲ လောင်းချင်တယ်ဆိုတော့အကြည့်တွေကိုက ငြိုငြိုငြင်ငြင်နဲ့...။

"ကျုပ်တို့အဖွဲ့မလာနဲ့နော် ကံဆိုးမသွားရာ မိုးလိုက်လို့ရွာတဲ့ စစ်သူကြီးဝမ်က လာဘ်မရှိဘူး တပ်မှူးကျောက်ဘက်ကလောင်း"

"နေပါနော် နေပါ ငနီပါ လှေမှောက်တယ်.. ဖုရန်ရဲ့ မြင့်မြတ်တဲ့အရှိန်အဝါကြောင့်သာ သူ တောက်ပနေတာ ဒီတောသားက လာဘ်ပိတ်နေတာ...  မလာနဲ့ သွားသွား...."

"ရှောင့်..."

စစ်သူကြီးကလေးက နည်းနည်းတော့ ဘူသွားတယ်။ သူလည်း ကံကောင်းပါတယ်နော်။ ကံကောင်းလို့ပဲ သူတို့ သည်းသည်းလှုပ်နေတဲ့ ဖုရန်ကို အပိုင်ရထားတာမဟုတ်ဘူးလားလို့...။ ဒီလူတွေကတော့ လူကို စော်ကားမော်ကားနဲ့။ ဒါပေမယ့် မျက်နှာလေးငယ်လို့ မင်းသားရှောင်းကို ကြည့်ပြီး သူ့တပ်သားတွေဘက်ကို မေးငေါ့ပြတယ် အနိုင်ကျင့်နေပါတယ်ပေါ့...။

"ရှောင်းရှောင်းနဲ့ လောင်ကုန်းက တစ်ဖက် တပ်မှူးကျောက်တို့က တစ်ဖက်နေမယ်လေ မကောင်းဘူးလား..."

"မကောင်းပါဘူး... ဖုရန်ရှုံးမှာနော် ငနီပါလှေမှောက်ပါတယ်ဆို သူပါရင် ရှုံးကို ရှုံးတာ"

"ဟုတ်တယ် ဖုရန်ရဲ့ ကျွန်တော်တို့တပ်မှာ နာမည်ကြီး ဘူလက်ဆိုတာ သူပဲ တစ်တပ်လုံး သူလာဘ်အပိတ်ဆုံး"

"ဟုတ်လား လောင်ကုန်းပါရင် ရှောင်းရှောင်းလဲ ရှုံးမှာပေါ့နော်...."

"ရှောင့်လို့....."

ပြုံးစိစိနဲ့ ဖုရန်ကပါစလာတာမို့ ရိပေါ်က ခြေကလေးကို ဆောင့်လို့ စအော်တယ်။

"ဘယ်လိုလုပ်မလဲ....ရှောင်းရှောင်းက လောင်ကုန်းကို ချစ်တော့လေ...ခွဲမဆော့နိုင်ဘူးရယ်....ရှုံးရင်လဲ ရှုံးပါစေနော်..."

"ဟွန်း မြင်လား မြင်လား.... စစ်ပွဲအလီလီ မင်းတို့နဲ့ တိုက်ခဲ့လဲ သုံးစားမရပေမယ့် ငါ့ဖုရန်ကတော့ အမြဲ ငါ့ဘက်ကပဲ.... လောကမှာ ဖုရန်က အကောင်းဆုံးသိလား မွ"

စစ်သူကြီးရဲ့ ဇနီးအလိမ္မာလေး /စစ်သူကြီးရဲ့ ဇနီးအလိမ္မာလေး Where stories live. Discover now