တပ်စခန်းရဲ့ အဖိုးတန်ကလေး

3.3K 394 24
                                    

"အစ်ကိုကြီးတို့ မင်္ဂလာပါ ကျွန်တော်က ဒီနယ်ခြားမှာ စစ်သူကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် ဝမ်ရိပေါ်ပါ ကူညီပေးကြပါဦး"

နယ်ခြားတပ်ကို လာသမျှစစ်သူကြီးတွေဟာ ရာထူးချ ဖိနှိပ်ခံရသူတွေမို့ တပ်စခန်းကို ရောက်လာတာနဲ့ သူတို့ကိုပဲ ဖိနှိပ်ချုပ်ချယ်နေကြ..။ ဒီကလေးလေးက တစ်ဆယ့်ခြောက်နှစ်ပဲရှိသေးတာ။ နန်းတော်မှာ ဘာတွေအမျက်တော်ရှအောင် လုပ်မိလို့ ဒီအထိရောက်လာရတာလဲ...။ ဖောင်းအိအိပါးကလေးတွေနဲ့ မျက်ပေတုံးကလေးမှိတ်ကျအောင် ပြုံးပြတော့ သူနိုင်ကိုယ်နိုင် အသက်ရင်းတိုက်ခိုက်ရင်း မာန်သွင်းထားတဲ့ မျက်နှာတွေနဲ့ပဲ ရင်းနှီးနေတဲ့ တပ်သားတွေရင်ထဲ တမျိုးကလေးဖြစ်သွားတယ်။ ဒီလိုမျိုး သူတို့ကို ဖြူဖြူစင်စင်ပြုံးပြနိုင်တဲ့သူ ရှိနိုင်သေးတာလား...။


"အစ်ကိုကြီး ကြိုးက ဒီလိုကျစ်ရတာလား ကျွန်တော်လုပ်တာမှားနေလားဟင် ...."

မြက်ထုံးတွေကို ရှင်း ဖျာကြမ်းလုပ်ဖို့ ကြိုးကျစ်နေတဲ့ လက်မှုပညာကျွမ်းကျင်တဲ့ တပ်သားနားကို ကပ်ပြီးလာမေးတဲ့ နုနုငယ်ငယ်စစ်သူကြီးကလေး..။

"ဘာလုပ်ဖို့ကျစ်မှာလဲ လက်တွေနာတယ် မလုပ်ချင်စမ်းပါနဲ့..."

"မြို့တော်မှာ ကြင်သူကျန်ခဲ့တယ်ဗျ... ဖျာကြမ်းကလေးဖြစ်ဖြစ် ယက်ပြီးပို့ချင်တယ်.. အများကြီးလဲမလုပ်တတ်ပါဘူးဗျာ.. စစ်သူကြီးလစာက များတာလဲမဟုတ်ဘူး ရှိတာလေးနဲ့ အမှတ်တရလေးဖြစ်အောင် ပို့ချင်တာ .... "

တပ်သားက ဒီစစ်သူကြီးပေါက်စကို အူလည်လည်ကြည့်တယ်။ သူ့အသက် န်ှစ်ဆယ်ကျော်ပြီ..။နယ်ခြားမှာ တာဝန်ကျနေတာ ခြောက်နှစ်။ ကြင်သူမပြောနဲ့ အသက်ရှင်ဖို့တောင်မနည်းလုံးပမ်းနေရတာ။ ဒီပေါက်စနက ကြင်သူဆိုပဲ ရာရာစစ။ တပ်သားက အမြင်ကတ်ကတ်နဲ့ ကျောခိုင်းလိုက်တယ်။ မသင်ပေးဘူး..။ ကြင်သူရှိတဲ့ကောင်တွေက တအားကို လွန်လွန်ကြူးကြူးလုပ်ပြချင်ကြတာပဲ မြို့တော်မှာ ဖျာချောတွေပေါလို့ ဒီနယ်ချုံနယ်ဖျားက ဖျာကြမ်း မညီမညာကို ဟိုက ကြိုက်မတဲ့လား...။ ရယ်နေလိုက်တာ တုံးတုံးအအနဲ့ ဒီကောင်ကလေးကို ဟိုကဖြင့်မေ့နေလောက်ပြီ။

စစ်သူကြီးရဲ့ ဇနီးအလိမ္မာလေး /စစ်သူကြီးရဲ့ ဇနီးအလိမ္မာလေး Wo Geschichten leben. Entdecke jetzt