စစ်သူကြီးကို ဖုရန်က စိတ်ဆိုးသွားပြီ

3.2K 383 62
                                    


"ဟုန်အာလေးက လှလိုက်တာနော်...."

"ဟုတ်ပါ့ လှုပ်ရှားပုံကလေးကသိမ်မွေ့လိုက်တာ..."

"ဖုရန်ကျေးဇူးတွေပါပဲ... ဖုရန်ကသာ ငွေစိုက်ထုတ်မပေးရင် ကြည့်ရမှာမဟုတ်ဘူး...ဖုရန်အသက်ရှည်ပြီးပျော်ရွှင်ပါစေနော်... "

"ဒါနဲ့ ငါတို့စစ်သူကြီးရော..."

"ဟားဟားးးး သူ့တဲထဲမှာလေ သူမကြည့်ရဘူးကွ ဘွားဟားဟားဟားးးးးး"

"ဖုရန်က ပေးမကြည့်ဘူးလေ...ဝါးဟားးဟားးဟားးး ဝမ်းသာတာမှတအားးး"

အပြင်ကအသံတွေအတိုင်းသားကြားနေရတယ်။ ပြဇာတ်ကတဲ့နေရာက လေ့ကျင့်ရေးကွင်းပြင်မှာကို စစ်သူကြီးတဲနားထိ တကူးတကလာပြောကြတာနော်..။ အကုန်ကြားနေရတယ်လို့.. ဒီ...ငါ။ ကြည့်ချင်တယ်လေ...။ ဝမ်စစ်သူကြီးကလေးလဲ ကြည့်ချင်တာပေါ့ ဟုန်အာလေးကပြဖျော်ဖြေတာကို...။ အဲ့ဒါကို ဖုရန်က မကြည့်ရဘူးတဲ့..။ အဆောင်ပြင်ခြေချတာနဲ့ မှတ်လောက်သားလောက်အောင်ဆုံးမမယ်ဆိုလို့ ဟောဒီက ဝမ်ရိအာကလေး မပျော်တော့ပါ။ ဒါ အိမ်တွင်းအကြမ်းဖက်တာပဲ။ ဇန်ီးသည်က လင်ယောကျာ်းကို အကြမ်းဖက်ရင် တိုင်လို့ရတဲ့နေရာမရှိတော့ဘူးလား..။

ဝမ်စစ်သူကြီးလေးက လက်မကို တဖဲ့ဖဲ့ကိုက်တယ်။ သူလဲ ကြည့်ချင်တယ်။ တအားကြည့်ချင်တာ။ တစ်နှစ်တစ်ခါတည်းကြည့်ရတာကို သူ့ပါးစပ်ကလေးအငြိမ်မနေလို့မကြည့်ရတော့ပါ။ မပျော်ဘူးမပျော်ဘူး နှမ်းစေ့ပိစိလေးလောက်တောင် မပျော်ပါဘူးနော်။ ဝမ်စစ်သူကြီးကလေးက ဆုံးဖြတ်လိုက်တယ်။ ဖုရန်က သူ့ကိုအရမ်းကြီးချစ်တာ။ ဆိုတော့ အပြစ်ပေးလဲ သေးသေးပေါ့ ။ ဟိုတခါလို ခြောက်ချက်လောက်အရိုက်ခံရလဲ ဘာအရေးလဲ သူစစ်သူကြီးပါ။ နည်းနည်းလောက် နာတာကတော့ စာမဖွဲ့ဘူးရယ်။

မသိမသာလေးကြည့်လိုက်တော့ တဲဝမှာဘယ်သူမှမရှိ။ ဒါအခွင့်အရေးပဲလေနော့။ ထွက်ရမှာပေါ့။ ဝမ်စစ်သူကြီးကလေးက ခိုးထွက်ကို ထွက်ရမှာ အဟင်းဟင်းဟင်း။
စစ်သူကြီးအဆောင်ကနေ ထွက်လိုက်တာနဲ့ လေအဝှေ့မှာ ဟုန်အာလေးရဲ့ တေးသီသံချိုချိုကြားနေရတယ်။ အော် ဒါ အိမ်ထောင်ပြုစောတဲ့ အပြစ်တွေပဲ။ မဟုတ်ရင် ဒီအချိန်မှာ ဟုန်အာ အလှကလေးကို ရှေ့ဆုံးစားပွဲကနေ ခန့်ခန့်ညားညားနဲ့ ရှုစားနေရမှာ။ နောက်ဆုံးတော့ ဖုရန်ကြောင့်ပဲ။ ဖုရန်မကောင်းလို့ ဟွန့်။

စစ်သူကြီးရဲ့ ဇနီးအလိမ္မာလေး /စစ်သူကြီးရဲ့ ဇနီးအလိမ္မာလေး Where stories live. Discover now