နောက်နေ့ တွင် ထူးဆန်းစွာပဲ ပန်နန့် နဲ့  ဖန် တို့ ရဲ့ ပြသာနာ အကြောင်းဟာ ရှာမရအောင် line ပေါ်က ပျောက်ကွယ်သွားလေသည်။လူတိုင်း ထိုကိစ္စ နောက်ကွယ်တွင် အကောင်းကြီးကြီး ရှိနေမည် ဟု ခန့် မှန်းကြလေသည်။သို့ သော် ဘယ်သူမှ ဘာမှ အတွန့် မတတ်နိုင်။ ထိုကိစ္စနဲ့  ပတ်သပ်၍ တင်ပါကလည်း တစ်မိနစ်တွင်း ထပ်မံပျောက်ကွယ်သွားမည် ဖြစ်သည်။
ဝီ နိုးလာတော့ သူ့ ဘေး မှာ အိပ်မောကြနေတဲ့ ဖန်။ မနေ့ ည က ဖန် အရမ်းငိုယိုနေခဲ့ပြီး ဝီလည်း ညနက်သည့် တိုင် ချော့မောပြောဆိုခဲ့ရလေသည်။သို့ နောက် ဖန် အိပ်ပျော်သွားတော့ ကုတင်ပေါ် တင်ပေးကာ သူပါဝင်လှဲပြီး ရင်ခွင်ထဲ ထည့်ကာ ဖက်အိပ်လိုက်လေတော့သည်။မနေ့ က ငိုထားတဲ့ အရှိန်ကြောင့် မျက်ခွံ့ လေး ဖောင်းအစ်လေးနဲ့  အိပ်ပျော်နေသည်က ဖြူစင်လွန်းတဲ့ ကလေးတစ်ယောက်နှယ်။ ဝီ အသည်းယားစွာ ဖောင်းနေတဲ့ ပါးကို နှစ်ဝင်သည်ထိ နမ်းရှိုက်လိုက်လေသည်။
"မင်းလေးရဲ့  ပုံစံ အစစ်အမှန်က ဘာလဲ မသိတာတောင် ကိုယ် အချစ်က နည်းနည်းလေးတောင် လျော့မသွားခဲ့ပဲ ပိုတိုးတိုးလာတယ် ကြာရင် ကိုယ်တော့ ရူးမှာပါ baby "
ဝီသည်မျက်နှာသစ်လိုက်ကာ မီးဖိုးထဲဝင်ပြီး မနက်စာ တစ်ခုကို လုပ်လိုက်လေသည်။ မူလ ဝီက တစ်ကိုယ်တည်းသမားမို့  အချက်အပြုတ်တတ်သည်မို့  မခက်ခဲပေ။ ဒါပေမယ့် သူ့ ဘဝမှာတော့ ဒါက ပထမဆုံး ပင်။
*ဟက် ကိုယ်တော့ babyနဲ့ မှ မလုပ်ဖူးတာတွေ လုပ်နေရတယ် *
ထိုအချိန် အိပ်ခန်းထဲတွင် အညောင်းဆန့် ရင်း နိုးလာတဲ့ ဖန်။ မနေ့ ညကအကြောင်း ပြန်တွေးမိတော့ ကလေးတစ်ယောက်လို ငိုယိုမိသည်ကို ရှက်သွားမိသည်။ ထို့ နောက် ဝီ ကို ရှာကြည့်တော့ ခါးစည်းဝတ်ကာ ချက်ပြုတ်နေတဲ့ သူကြောင့် ပြုံးလိုက်မိသည်။တံခါးဝကို မှီကာ မသိအောင် ကြည့်နေမိသည်။
တစ်ယောက်တည်း အလုပ်ရှုပ်နေသော ဝီ နားသွားကာ နောက်ကနေ ခါးကို ဖက်လိုက်တော့ လန့်သွားသည်ထင်ပါ့။ ဒါပေမယ့် ဘာမှမပြောပဲ သူ့ အလုပ်သာ သူ ဆက်လုပ်လေသည်။ဝီလည်း သူ့ ကို ဖက်ထားတဲ့ သူကို ဘာမှမပြောတော့ပဲ မနက်စာကို သာ ဆက်ပြင်လိုက်လေသည်။ ထို့ နောက် စားပွဲပေါ် မနက်စာ ချပေးတော့ ငြိမ်ငြိမ်လေး သွားထိုင်ကာ စားလေသည်။
YOU ARE READING
SYSTEM; အရံဇာတ်ကောင်အား ကယ်တင်ခြင်း
Romanceပုကြု ရဲ့  လက်ရှိ Systemနဲ့ မတူ ကွဲပြားစွာပုံဖော်ထားပါတယ်