တီ တီ တီ ………
အဆက်မပြတ် မြည်နေသော နိုးစက်သံကြောင့် အနက်ရောင်ကုတင်ထက်က လူသားဟာ နိုးထလာရလေသည်။ နိုးလာသည်နှင့် နိုးစက်ကို ပိတ်လိုက်ကာ အခန်း၏ လိုက်ကာများကို ဆွဲဖွင့် လိုက်လေသည်။ ထိုအခါ ထွက်ပေါ်လာသည်က
ဂြိုလ်သားမျိုးနွယ်ဖြစ်တဲ့ Axan ဆိုသည့် ပျံလွှားနှင့် တူသည့် မဲနက်နက် ငှက်အကြောင်း။ဒေါက် ဒေါက် ဒေါက်
"ဝင်ခဲ့ပါ " လူငယ်၏ စကားသံအဆုံး အခန်းထဲဝင်လာသည့် လူတစ်ယောက်။
"ကောင်းသော မနက်ခင်းပါ King "
"omm ဇာတ်ကြောင်းပေးတော့ "
"ကောင်းပါပြီ ဇာတ်ကြောင်းမဖတ်ခင် ဒီကမ္ဘာနဲ့  ပတ်သပ်တဲ့အချက်အလက်တွေ အရင်ဖတ်ပေးပါ "
ဇာတ်ကြောက်းတွေကို ရှင်းဇေ လွဲပြောင်းပေးခဲ့ပြီးနောက် မနက်စာ စားဖို့  ပြင်ထားပေးမည့်အကြောင်းပြောကာ ထွက်ခွာသွားလေသည်။
King တဖြစ်လည်း အာဏာသည် မူးနောက်နေသော ခေါင်းကို နှိပ်နယ်ကာ ကုတင်ပေါ်ထိုင်နေခဲ့သည်။ အမူးသက်သာ သွားမှ ဒီကမ္ဘာ၏အချက်အလက်တွေကို လေ့လာလိုက်လေသည်။
ခုရောက်နေသော ကမ္ဘာသည် လွန်ခဲ့သော နှစ်ရာချီက ဖြစ်ပွားခဲ့သော ဥက္ကာပျံ ကြွေကျမှု ကြောင့် လေထု အဆိပ်သင့်ကာ ကမ္ဘာ့ လူဦးရေး၏ ဆယ်ပုံပုံ လေးပုံခန့်သည် အဆိပ်သင့်ခဲ့ကြသည်။ အဆိပ်သင့်မှုမှ ကောင်းမွန်လာပြီးနောက် ထိုလူများသည် ဟော်မုန်း ပြောင်းလဲခြင်း ခံရကာ Alpha နဲ့  Omega ဟူသော လိင်နှစ်မျိုး ထွက်ပေါ်လာစေသည်။ ထိုအခါက လိင်ကွဲပြားခြင်းကြောင့် အကြီးအကျယ် ပြသာနာ ဖြစ်ခဲ့ကြသည့်တိုင် နောင်တွင် Alpha နဲ့  Omega ပေါင်းစပ်ခြင်းဖြင့် ထိုသို့ သော လိင်မျိုးသာ ထွက်ပေါ် လာသည်ကို တွေ့ ရှိလာရသည်။
ထို့ နောက် သိပ္ပံပညာရှင်တို့  ၏ စမ်းသပ်လေ့လာမှုကြောင့် Alpha Omega Beta နဲ့  male female ဟူ၍ လိင်ကွဲပြားခြင်းကို သတ်မှတ်ခဲ့ကြသည်။ ဆက်လက် လေ့လာချက်တွေအရ Alpha တို့ သည် ကျန် လိင်နှစ်မျိုးထက် သန်မာကြပြီး အရာရာကို ချုပ်ကိုင် ခြယ်လှယ်တတ်ကြသည့် ဦးဆောင်သူများ ဖြစ်သည်။ Alpha တို့ ၏ ခန္ဓာမှ မြေသင်းနံ့ ထင်းရှုး စသည့် ဟော်မုန်းနံ့  ပြင်းပြင်း များ ရှိတတ်ကြသည်။
BINABASA MO ANG
SYSTEM; အရံဇာတ်ကောင်အား ကယ်တင်ခြင်း
Romanceပုကြု ရဲ့  လက်ရှိ Systemနဲ့ မတူ ကွဲပြားစွာပုံဖော်ထားပါတယ်