Arc(3)Final

2.5K 243 7
                                    

အရာအားလုံး ပြီးဆုံးလို့ သွားခဲ့လေသည်။ဖော့ခ်သည်လည်း     ထိန်နဲ့   စေ့စပ်ကာ  နိုင်ငံခြားကို အပြီးထွက်သွားခဲ့လေသည်။ဝီလည်း  သီချင်းအသစ်ထုတ်ဖို့  စီစဉ်နေရတာ  မအားနိုင်။ ဖန်လည်း  ဇာတ်ညွှန်းရေးနေရတာကြောင့်   မအား။

မေမေသည်ကား   အေးချမ်းစွာတရားအားထုတ်တော့မည်  ဆိုကာ တောရဘုန်းကြီးကျောင်းသို့ အပြီးတိုင်  ထွက်သွားကာ  သားသမီးတွေကို လည်း လာတွေ့ ခွင့်မပေး။ ဦးစစ်ထိနဲ့   အစ်မဖော့ခ်ရဲ့  သားအဖေ  ဆက်ဆံရေးကတော့   ဒီတိုင်းသာ။အစ်မဖော့ခ်က   သူ့ ဘဝတွက်  အဖေဟာ  ဖန်ဖေဖေ   ခမ်းသာ  ဖြစ်သည်ဟု   အပြတ်အသတ်ငြင်းဆိုခဲ့လေသည်။စစ်ထိရဲ့  ထိန်းချုပ်မှုအောက်   ထိန် တမင်တကာ   ချဉ်းကပ်ခဲ့တာကို  သိသွားတော့  အနည်းငယ်  ပြသာနာ  ဖြစ်သွားကြပေမယ့်   အရမ်းချစ်ကြတဲ့ သူတွေမို့   သိပ်မကြာခင်  ပြန်တည့်မြတ်သွားကာ  ထိန်က  စစ်ထိလက်အောက်က  ထွက်လိုက်ပြီး  ကိုယ်ပိုင်လုပ်ငန်းထောင်ကာ  ဖော့ခ်နဲ့ အတူ နိုင်ငံခြား ထွက်သွားခဲ့သည်ပင်။

အရင်အကြောင်းတွေ  ပြန်တွေးမိရင်း  သူ  သဘောကျလို့   စိုက်ထားတဲ့ Forget  me  not  တွေကို  ကြည့်နေမိလေသည်။ထိုပန်းလေးကို မြင်တိုင်း  ဝီနဲ့  ပတ်သတ်တဲ့  အမှတ်တရတွေကို  ပြန်မြင်ယောင်စေသည်။ဒါကို  သူသဘောကျလေသည်။ပန်းတွေကို  မကြိုက်တတ်သော်လည်း  Forget  me  notတွေကိုတော့  သဘောကျမိလေသည်။

ထိုအချိန်  ဝီ့ ဆီက  ဖုန်းလာသည်ကြောင့် ကိုင်လိုက်တော့ 
ဝီက  သူ့ကို တစ်နေရာတွင်  လာကြိုပေးဖို့ ပြောလေသည်။ထို့ ကြောင့်ဖန်လည်း  ဝီကို ကြိုဖို့ ထွက်သွားခဲ့လေသည်။

တစ်ဖက်တွင်  ဝီသည်လည်း    ဖန်ကို တမျှော်မျှော်နဲ့   စောင့်နေလေသည်။ဖန်ရောက်လာလျှင်  သူ့ အစီအစဉ်ကြောင့် အံ့သြသင့်သွားစေချင်သည်။

ဖန်ရောက်လာတော့  ဝီက  ဖန်မျက်လုံးကို အမဲရောင်ပဝါနဲ့   စည်းကာ  ဖန်လက်ကို  ဆွဲကာ တစ်နေရာကို ခေါ်ဆောင်လာခဲ့လေသည်။ဖန်မျက်လုံးတွေ  စည်းထားတာကြောင့်ရော   ဝီ  စိတ်လှုပ်ရှားကာ ပျော်နေတာကြောင့်ရောပါ   သူတို့ နားက  တစ်စုံတစ်ယောက်ကို  သတိမထားမိခဲ့ပေ။ 

SYSTEM;  အရံဇာတ်ကောင်အား ကယ်တင်ခြင်းWhere stories live. Discover now