~23~

5K 572 41
                                    

Unicode

အုတ်ဂူလေးဘေးမှာပန်းတစ်စည်းရှိနေပြီး ကြေကွဲစွာငိုကြွေးနေသည့်လူတစ်ယောက်။

"တောင်းပန်ပါတယ်အယ်ရင်း...ငါမင်းအပေါ်
မတရားတာတွေလုပ်ခဲ့မိတယ်။ငါအပေါ်အများကြီးကောင်းပေးခဲ့တဲ့မင်းကို ငါအထင်လွဲခဲ့မိတယ်။"

"တောင်းပန်ပါတယ်။"

မျက်ဝန်းထဲကမျက်ရည်တွေစီးကျလာပြီး အုတ်ဂူလေးကိုသာထယ်ယောင်းစိုက်ကြည့်နေမိသည်။
သူ့ရဲ့သွေးသားကိုအသက်နဲ့ရင်းပြီးမွေးပေးခဲ့တဲ့ အယ်ရင်းကသူ့ကိုချစ်ကြောင်းသက်သေပြသွားခဲ့သည်။

သူကတော့အယ်ရင်းကိုအထင်လွဲခဲ့ရုံတင်မကဘဲ သူ့ရဲ့နှလုံးသားတစ်ခုလုံးကိုဂျွန်ဂျောင်ကုဆီအပိုင် ပေခဲ့မိသည်။အယ်ရင်းအပေါ်အားနာလွန်းသည်။

"ငါလဲ ပျော်ရွှင်မှုတွေနဲ့အလှမ်းဝေးလွန်းတဲ့ နေရာမှာဘဲရှိနေတာပါ။ငါ့မှာပျော်ရွှင်မှုဆိုတာ မရှိနိုင်တော့ဘူးထင်တယ်။"

အယ်ရင်းကထယ်ယောင်းနဲ့ချစ်ကြိုက်ခဲ့စဉ်ထဲက သူငယ်ချင်းလိုချစ်သူလိုအရာရာနားလည်ပေးခဲ့သည့် မိန်းကလေးမျိုး။အယ်ရင်းရဲ့ရှေ့ရောက်တော့ ထိန်းမရနိုင်အောင်ထယ်ယောင်းရဲ့ပုံစံပေါ်လာ
တော့သည်။အယ်ရင်းလိုလူမျိုးကိုအများကြီးအထင်
လွဲခဲ့မိတယ်။

"ငါမှာရွေးချယ်စရာမရှိဘူး။ဘယ်လိုနေနေနာကျင်
  ရမှာဘဲမို့။ငါသားကို လက်လွှတ်ခဲ့ရတယ်။ ငါချစ်ရတဲ့သူကိုလဲပေါ့။"

"မိသားစုဆိုတဲ့အရာကို ငါခံစားခွင့်မရှိဘူး။"

"နင်စိတ်ချလက်ချအပ်ခဲ့တဲ့ဂျောင်ကုလက်ထဲကနေ  လီဒမ်ကိုဆွဲခေါ်ဖို့ ငါ့မှာစိတ်ကူးမရှိဘူး။"

"ငါကတစ်ဇွတ်ထိုးဆန်ပေမဲ့ လီဒမ်ကိုတော့ ငါ့လိုနာကျင်မှုတွေ၊စိတ်ဒဏ်ရာတွေနဲ့ နဲနဲလေးတောင် အကျွမ်းမဝင်စေချင်ဘူး။"

"ငါရဲ့လုပ်ရပ်ကမှန်တယ်လို့နင်လဲတွေးတယ် မလား။ငါချစ်ကြိုက်ခဲ့တဲ့လူတစ်ယောက်ကိုယုံပြီးငါ့ကလေးကို အပ်ခဲ့တာငါရူးမိုက်တာတော့မဟုတ်ပေမဲ့။ ဂျောင်ကုရဲ့မျက်လုံးတွေက ဖြူစင်တယ်။"

𝕋ℍ𝔼 𝕄𝔸ℕ|| 𝕂𝕠𝕠𝕜𝕍    [Completed]Место, где живут истории. Откройте их для себя