~12~

6.5K 873 63
                                    

Unicode

မနက်ခင်းမိုးလင်းချိန်မှာတော့ခါတိုင်းနှင့်မတူ။ သူ့ရဲ့ဘေးမှာအိပ်ပျော်နေသည့်ထယ်ယောင်းရဲ့ ပုံလေးကိုကြည့်ကာနှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်
မိသည်။ချစ်ရသူနဲ့နိုးထရတဲ့မနက်ခင်းကကြည်နူး
စရာအတိ။

အိပ်ပျော်နေသည့်ထယ်ယောင်းကကလေးလေး တစ်ယောက်လိုပင်အပူအပင်ကင်းလှသည်။ ပွယောင်းယောင်းဖြစ်နေသည့်ထယ်ယောင်းရဲ့
ဆံနွယ်တွေကိုလက်ဖြင့်ပွတ်သပ်ပြီးနီရဲရဲ နှုတ်ခမ်းလေးကို တစ်ချက်နမ်းကာမနက်ခင်းကိုစတင်လိုက်သည်။

လီဒမ်ကိုကျောင်းပို့ရအုံးမည်မဟုတ်လား။ ရေမိုးချိုးပြီးထွက်လာတဲ့အထိထယ်ယောင်းက
မနိုးသေး။ညကသူလေးပင်ပန်းသွားသည်ထင်ပါ့။
အန္တရာယ်ကိုမသိဘဲထောင်ချောက်ထဲမကြောက် မရွံ့ဝင်လာခဲ့သည်ကိုး။ ညတုန်းကထယ်ယောင်းရဲ့ ခပ်စွာစွာပုံစံကသူ့ရဲ့မျက်လုံးထဲမှာချစ်ဖို့ကောင်းနေသည်။

အဝတ်အစားလဲပြီးလီဒမ်ကိုသွားနိုးတော့ အကျင့်စရိုက်ကောင်းသည့်လီဒမ်ကသူ့အသံ ကြားသည်နှင့်ချက်ချင်းထကာ ကျောင်းသွားဖို့ ပြင်ဆင်တော့သည်။အဖေတစ်ခုသားတစ်ခုမို့
အရိပ်အကဲသိသည့်လီဒမ်ကိုဂျောင်ကုမှာအထူး တလည်ပြင်ဆင်ပေးစရာမလို။

မနက်စာစားဖို့အတွက်ပေါင်မုန့်မီးကင်ကာ စတော်ဘယ်ဂျမ်ဗူးလေးနဲ့အတူစားပွဲခုံပေါ် ကို
တင်ထားလိုက်သည်။လီဒမ်အတွက်ပေါင်မုန့်ပေါ်မှာ ဂျမ်အနေတော်သုတ်ကာပြင်ပေးထားလိုက်သည်။
မဟုတ်ရင်လီဒမ်ကစတော်ဘယ်ရီဂျမ်ကိုစိတ်ကြိုက် အားရပါးရထည့်စားတတ်သည့်အကျင့်ရှိသည်လေ။

နွားနို့အိုးတည်နေတုန်းသူ့ရဲ့ခါးပေါ်ကိုရောက်လာတဲ့ ခပ်နွေးနွေးလက်နှစ်ဖက်။ခါးပေါ်ကလက်ထက် ထယ်ယောင်းရဲ့ပူနွေးနေသည့်အသားကိုဂျောင်ပို၍
သတိထားမိသွားသည်။

"ထယ်ယောင်း ဖျားနေပြီထင်တယ်။"

ပခုံးပေါ်တင်ထားသည့်ခေါင်းကြောင့်ခပ်နွေးနွေး အသက်ရှုသံတွေကဂျောင်ကုရဲ့လည်တိုင်ကိုရိုက်ခတ် နေတော့ပခုံးပေါ်ကထယ်ယောင်းရဲ့ပါးနုနုလေးကို လက်ဖဝါးဖြင့်ဂျောင်ကုစမ်းကြည့်လိုက်သည်။
ပူနွေးနေသည့်အသားကဖျားနေကြောင်းကိုဖော်ပြသည်။

𝕋ℍ𝔼 𝕄𝔸ℕ|| 𝕂𝕠𝕠𝕜𝕍    [Completed]Onde histórias criam vida. Descubra agora