UNICODE
ထိပ်တန်းလူချမ်းသာတွေသာတည်းခိုနိုင်တဲ့
Golden Hotel။ကိုရီးယားမှာဈေးအကြီးဆုံး စာရင်းဝင်ထားတဲ့Hotelရဲ့မီးရောင်ထိန်ထိန်ပါတီပွဲ။ဆေးရုံအုပ်ရဲ့သမီးလက်ထပ်ပွဲဂုဏ်ပြုပါတီ။
မလာချင်ပေမဲ့လဲဆေးရုံအုပ်ရဲ့မျက်နှာကြောင့် ရောက်လာခဲ့သည်။လူချမ်းသာတွေရဲ့အသိုင်းအဝိုင်းမှာမိဘရဲ့
မျက်နှာကြောင့်ဝင်ဆံ့ပေမဲ့လဲထိုသို့မဟုတ်လျှင်လဲ
သူ့လိုဆရာဝန်တစ်ယောက်ကိုဘယ်သူကမှ
အထင်မသေးရဲကြ။"အာ့...."
လူရှင်းတဲ့နေရာမှာထိုင်ကာ အတွေးထဲနှစ်မြောနေတုန်း
စိုစွတ်သွားတဲ့ခခန္ဓာကိုယ်။"တောင်း...တောင်းပန်ပါတယ်။လူကြီးမင်း။"
ဝိုင်ခွက်သူ့ကိုယ်ပေါ်မှောက်ကျသွားတာကြောင့် ပြာပြာသလဲတောင်းပန်တဲ့ဝန်ထမ်းနှစ်ယောက်။
"ထားလိုက်ပါတော့၊အင်္ကျီအဖြူတစ်ထည်နဲ့
သန့်စင်ခန်းရှိမဲ့နေရာကိုသာ ညွှန်ပေးပါ။"လူကြီးလူကောင်းပီသစွာစကားကိုချိုချိုသာသာ
ပြောပြီးညွှန်ပြတဲ့နေရာကိုထွက်သွားတဲ့ထိုလူက မိန်းကလေးတွေကြွေချင်စရာ။ဝိုင်နီနီတွေစိုရွှဲသွားလို့ ခန္ဓာကိုယ်နဲ့ကပ်သွားတဲ့ အင်္ကျီဖြူဖြူကြောင့်ကျစ်လစ်သန်မာတဲ့ ဗိုက်သားတွေကအထင်းသား။
ထိုသူကမိန်းကလေးတိုင်းသဘောကျရတဲ့
အထွေထွေရောဂါကုဆရာဝန်Jeon Jungkook ။"ဘာကြည့်နေတာလဲ။ဧည့်သည့်ကိုအင်္ကျီ
အဆင်ပြေအောင်လုပ်ပေးဖို့မရှိဘူးလား။"ဘေးမှာရှိတဲ့မန်နေဂျာကိုအကြည့်စူးစူးတွေ
ပစ်လွှတ်ပြီး သတိပေးလာတဲ့ထိုလူက
Golden Hotelပိုင်ရှင်Kim Taehyung။မန်နေဂျာကအမှားလုပ်လိုက်တဲ့ဝန်ထမ်း
နှစ်ယောက်နားကိုသွားပြီးဧည်သည့်အဆင်ပြေအောင်
လုပ်ပေးဖို့သတိသွားပေးဟန်။မထင်မှတ်ဘဲတွေ့ခဲ့ရတဲ့မျက်ဝန်းဝိုင်းဝိုင်း။
ထိုမျက်ဝန်းတွေကိုမြင်နိုင်ဖို့အတွက်ဦးတည်ရာက ထိုလူရှိရာနေရာသို့။
ESTÁS LEYENDO
𝕋ℍ𝔼 𝕄𝔸ℕ|| 𝕂𝕠𝕠𝕜𝕍 [Completed]
Fanfic[Unicode+Zawgyi] "မင်း ငါနဲ့တစ်ညအိပ်မလား။" "ငါက ကလေးအဖေတစ်ယောက်ပါ။ မဟုတ်တာတွေတွေးမနေသင့်ဘူး။" KookV ,Taekook