part 2

1.8K 131 2
                                    

"ဂျောင်ဂုရေ ceoကခဏလာပါဦးတဲ့"

ဂျောင်ဂုတစ်ယောက် အတွင်းရေးမှူးဆိုသော်လည်း
Ceoရဲ့ ရုံးခန်းထဲတွင်အတူရှိမနေပါ သူမကမိန်းခလေးဖြစ်တဲ့
အတွက်သူမရဲ့ ဘေးချင်းကပ်အခန်းထဲမှာသာ အလုပ်လုပ်ဖြစ်သည်
အခုလဲခိုင်းစရာရှိတယ်ထင်တယ်

"ကျွန်တော့်ကိုခေါ်တယ်ဆို ceo"

"ဟင်းးး ceoလို့ မခေါ်ပါနဲ့  တို့ ကိုရင်း"နီး" "မ"လို့ ပဲခေါ်ပါ"

"ဗျာ!"

"မကြားလိုက်လို့ လား"

"မဟုတ် မဟုတ်ပါဖူး "မ" "

"ဟက် မင်းကအရမ်းရိုးသားတာပဲ
အော် အခုနေ့ လည်စာသွားစားမလို့ 
ငါ့ရဲ့ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ လိုက်ခဲ့ရမယ်"

"ဟုတ်ကဲ့ ကျွန်တော်လိုက်ခဲ့ပါ့မယ်"

သူမခေါ်လာသည့်ဆိုင်က ဂျပန်ရိုးရာဆိုင်လေး
ပြင်ဆင်ပုံကလဲအရမ်းသပ်ရပ်တယ် ဒီလိုဆိုင်မျိုး
တစ်နေ့ တော့ထယ်နဲ့ အတူသွားစားရမယ်

မှာထားတဲ့အစားအသောက်တွေလာချတော့
သူတောင်အံ့ဩသွားတယ် ဒီလောက်အများကြီး
သူမတစ်ယောက်ထဲစားနိုင်လို့ လား

"ဟေး ဘာကြောင်ကြည့်နေတာလဲ စားလေ"

"ဗျာ!"

"အော် ကဲ ဒီမှာတို့ ကမင်းနဲ့ အတူစားဖို့ မှာလိုက်တာ
မငြင်းရဖူးနော် အေးကုန်တော့မယ်စားတော့"

အခုမှပဲသဘောပေါက်တော့တယ် သူမကနှစ်ယောက်စာ
မှာသည်ကို သူလဲဗိုက်ဆာနေတာနဲ့ စားလိုက်တော့သည်

ဂျွန်မင်းဟာလေ ငါ့ကိုပိုချစ်အောင်လုပ်နေပါရောလား
မင်းကတကယ့် ခလေးလိုပဲ
.........

ထယ်တစ်ယောက် ဂျောင်ဂုပြန်လာမယ့်ရက်ကို
ပြက္ခဒိန်မှာ မှင်နီလေးနဲ့ ဝိုင်းထားကာ တစ်လပြည့်ခံနီးမို့ 
အပျော်ကြီးပျော်နေမိသည် မောင်နဲ့ ဖုန်းပြောရတဲ့အချိန်က
သူ့ အတွက်တန်ဖိုးရှိတဲ့အချိန် ဖုန်းပြောပြီဆိုရင်လဲအမြဲမောင့်ဖက်က
အရင်ခေါ်တယ် သူဖုန်းစခေါ်ရတဲ့အချိန်ဆိုတာမရှိသလောက်ပဲ
သူ့ ကိုအဲ့လောက်ထိမောင်ဆိုတဲ့လူသားကချစ်ပါသည်
အခုချိန်မှာ သူကိုသူဌေးသားဘဝကိုပြန်သွားချင်လားလို့ မေးရင်
ခေါင်းခါမိမှာပဲ ဘာလို့ ဆိုသူနောင်တမရပါဖူး ကိုယ်ချစ်ရတဲ့သူနဲ့ 
တစ်ဘဝစာတည်ထောင်ပြီး ဆင်းရဲတွင်းထဲဆင်းရတာတန်ပါတယ်လေ မောင့်ဘဝလေးက
သိပ်သနားဖွယ်ကောင်းတယ် မောင်ကငယ်"ရွယ်"နဲ့ တက်စ်စီ
ဆွဲပြီး ပိုက်ဆံရှာပြီး ကျောင်းကိုရအောင်တတ်တယ် ဒါကြောင့်လဲ
မောင်က ဘွဲ့ ရပညာတတ်ဖြစ်တာ မဆန်းပါဖူး မောင်နဲ့ သူရဲ့ 
အချစ်ကဆန်းကျယ်တယ် သူကမောင့်ကိုအရင်စပြီးသဘောကျခဲ့
ရတာ ဒါကြောင့် မောင့်ရဲ့ တက်စ်စီကိုတစ်နေကုန်ငှားတယ်
အကြောင်းအမျိုး"ပြပြီး တက်စ်စီဆီးတယ် ကြာလာတော့မောင်လဲ
သူနဲ့ ခံစားချက်ချင်းထပ်တူကျခဲ့ပြီး ချစ်ကြောင်းဝန်ခံခဲ့တယ်
မောင်ကကျွန်တော့်ကိုသူဌေးသားမှန်းမသိပါဖူး မောင်နဲ့ ခိုးရာလိုက်
ပြီးဒယ်ဂူရောက်မှ သူ့ ရဲ့ ဘဝအကြောင်းကိုပြောပြခြင်းသာ
အဲ့လိုမသိစေချင်းက မောင်ကသူ့ အပေါ်ပိုက်ဆံကြောင့်လက်ထပ်
ခဲ့တာမဟုတ်ပဲ ချစ်လို့ တန်ဖိုးထားလို့ လက်ထပ်ခဲ့ တယ်ဆိုတာ
သူသိလိုက်ရတယ်လေ
~~~~~~~~~~~~~
*တီ တီ*

"မောင်.....သို့ "[completed]Where stories live. Discover now