ep3

5.9K 349 2
                                    

(U&Z)

ရေး ဒီနေ့ အဆောင်ပိုင်ရှင် ကြီးတင်ဆီက စက်ဘီးဟောင်းလေးငှားပြီးအလုပ်လာလျှောက်လေသည်။CV form လေး အိတ်ထဲထည့်ရင်းပေါ့။ခြံရှေ့ရောက်တော့ လူခေါ်ဘဲလ်ကိုနှိပ်လိုက်သည်။အထဲကလူကြီးတစ်ယောက်ထွက်လာကာ

"ဘယ်သူလဲဗျ၊ ဘာကိစ္စရှိလို့လည်း မသိဘူးနော်"

"ရေး လို့ခေါ်ပါတယ်ရှင့်။ကိစ္စက အလုပ်လာလျှောက်တာ"

"သြ အဖိုးအတွက်လာတာပဲ၊ဝင်ပါ ကလေးမ"

                 ရေး ခြံထဲဝင်လိုက်တော့ သုံးထပ်တိုက်ဖြူဖြူကြီးက ထည်ထည်ကြီးစောင့်ကြုနေလေရဲ့။ဒါပေမယ့် ရေးအတွက် မထူးဆန်းသလို အံ့လည်းမအံ့သြခဲ့၊ ရေးပိုင်တာတွေမှမဟုတ်တာ ထူးဆန်းမနေပါဘူး။

"ထိုင်ဦး သမီးရေ..အဖိုးကို သွားပြောလိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ရှင့်"

ရေး ထိုင်နေတုန်း အန်တီကြီးတစ်ယောက်က ကော်ဖီနှင့်မုန့်လာချပေးသည်။ရေး ဧည့်ခန်းထဲကို လှည့်ပတ်ကြည့်မိတော့ ပန်းအိုးတင်ထားတဲ့ စားပွဲအောက်နားမှာ လက်ကောက်တစ်ကွင်းတွေ့တာနဲ့ ရေးကောက်ပြီး စားပွဲပေါ်တင်ထားသေးသည်။
                 ဧည့်ခန်းထဲမှာ အရောင်တောက်နေတဲ့ ယွန်းထည်တွေ ကျွန်းသားနဲ့ပြုလုပ်ထားတဲ့ လာဘ်ခေါ်ဇီးကွက်၊ ပန်းပုရုပ်တွေ မီးပန်းဆွဲရှည်ကြီးတွေကို တွေ့ရတာကြောင့် ဒီအိမ်ကအတော်ချမ်းသာတဲ့အိမ်ဖြစ်ကြောင်းခန့်မှန်းမိသည်။
                   ဧည့်ခန်းအလယ်မှာတော့ တုတ်ကောက်တစ်ချောင်းကိုကိုင်လျှက် ကျွန်းသားထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး မုတ်ဆိတ်တွေ ဆံပင်တွေပါဖြူနေတဲ့ ရုပ်ရည်ခပ်သန့်သန့် အဖိုးတစ်ယောက်ပုံကိုတွေ့လိုက်သည်။

အင်း....ဒီအဖိုးငယ်ငယ်က တော်တော်ခန့်မယ်၊ငါစောင့်ရှောက်ရမှာ ဒီအဖိုးလားမသိဘူး။

"အဖိုးပုံကိုကြည့်ရတာ ချောရဲ့လားကွ ဟေ"

"ဟင်"

ရေးနောက်လှည့်ကြည့်လိုက်တော့ ခုနခြံစောင့် လူကြီးက အဖိုးဝှီးချဲကိုတွန်းလာပြီး ၊ဝှီးချဲပေါ်က အဖိုးကတော့ ရေးကို ပြုံးပြုံးကြီးနှုတ်ဆက်သည်။

အချေလေးကို ချစ်မိပြီအေခ်ေလးကို ခ်စ္မိၿပီWhere stories live. Discover now